လူငယ်ရေးရာ မူဝါဒအတွက် သဘောထားစစ်တမ်း ကောက်မည်

0
506

လူငယ်ရေးရာ မူဝါဒ ပေါ်ထွက် လာရေးအတွက် တနင်္သာရီတိုင်းတွင် လူငယ်သဘောထား စစ်တမ်းကို စက်တင်ဘာလမှ စတင်ကောက်ယူသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းလူငယ် ကွန်ရက်ထံမှ သိရသည်။


ပြည်ထောင်စုအစိုးရ၏ လူငယ် မူဝါဒ ထွက်ပေါ်လာချိန်တွင်  လူငယ်များ ၏ သဘောထားနှင့်  အသံများ ပိုမို ပါဝင်လာစေရန်အတွက် ယင်းသို့ စစ်တမ်း ပြုလုပ်ရန် လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဌာန တွင် တောင်းဆိုထားကြောင်း ” လူငယ် ကွန်ရက်မှ လူငယ်မူဝါဒ ပေါ်ထွက်လာ ရေးလုပ်ငန်းစဉ် တာဝန်ခံ ကိုနေလင်း ကျော်က ပြောသည်။
“ကျောင်းသားတွေ၊ လူငယ်ရွှေ့ ပြောင်းလုပ်သားတွေ ၊ နိုင်ငံရေးစိတ်ဝင် စားတဲ့လူငယ်တွေနဲ့ စိတ်မဝင်စားတဲ့ လူငယ်တွေစတဲ့အလွှာစုံက လူငယ်တွေ ရဲ့ အခက်အခဲ၊ အနာဂတ် မျှော်လင့် ချက်တွေနဲ့ အခွင့်အရေးတွေကို သိရှိ အောင် ခုလို လူငယ်သဘောထား စစ် တမ်းကောက်ယူခြင်းဖြစ်တယ်” ဟု ကို နေလင်းကျော်က ဆိုသည်။
တစ်မြို့နယ်တွင် ပျမ်းမျှ လူငယ် ဦးရေ ၅၀ နှုန်းဖြင့် စစ်တမ်းကောက်ယူရန် စီစဉ်ထားပြီး အောက်တိုဘာလ ဒုတိယ ပတ်တွင် တနင်္သာရီတိုင်း တစ်တိုင်းလုံး ရှိ မြို့နယ်လူငယ် ကိုယ်စားလှယ် များအား အချိုးကျ ပြန်ဖိတ်ကာ လူငယ် ရေးရာ မူဝါဒကြမ်း ရေးဆွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲများ နှင့် အလုပ်ရုံဆွေးနွေးပွဲများအား ပြုလုပ် ရန်ရှိကြောင်း ယင်းလုပ်ငန်းစဉ် တာဝန်ခံ က ပြောသည်။
တနင်္သာရီတိုင်းမှ လူငယ်သဘော ထားစစ်တမ်းအား မြို့နယ်အလိုက် စက်တင်ဘာလ ၁ရက်မှ စက်တင် ဘာလ ၁၅ ရက်အထိ ကောက်ယူမည် ဖြစ်ပြီး အစိုးရ၏ လူငယ်မူဝါဒအတွက် အကြံပြု မူကြမ်းအဖြစ် ပေါ်ထွက်လာမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း လူငယ် ကွက်ရက်၏ လူငယ်မူဝါဒ ပေါ်ပေါက် ရေးလုပ်ငန်းစဉ် ကော်မတီထံမှ သိရ                သည်။