ကျိုက်ထီးရိုးတောင်ပေါ် ရိုးရိုးလေး ဟိုတယ်အခန်းပိုကိစ္စ မဖြေရှင်းနိုင်သေး

0
521

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေ တီတောင်ပေါ်တွင် ခွင့်ပြုချက်ထက် ပိုမို ဆောက်လုပ်ထားသည့် ရိုးရိုးလေး ကုမ္ပဏီ၏ ဟိုတယ်အခန်းပိုကိစ္စ တစ်လ ပြည့်သွားသော်လည်း ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။


ဇွန်လ ၂၇ ရက်က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနတွင် ပြုလုပ်ခဲ့သည့် ကျိုက်ထီးရိုး စေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက ခွင့်ပြုထားသည် ထက် ပိုမိုဆောက်လုပ်ထားသည့် ဟို တယ်အခန်းများကို တစ်လအတွင်း ပိတ် သိမ်းရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက လုပ်ငန်းအားလုံး ရပ်ဆိုင်းရန် ညွှန်ကြား ထားသည်။
သို့သော် တစ်လကျော်လာသည့် အထိ အရေးယူဆောင်ရွက်မှု မရှိသေး ပေ။

 
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်း မင်းဦးကမူ ဟိုတယ်ပိုင်ရှင်ဖြစ်သည့် ရိုးရိုးလေးကုမ္ပဏီက အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် အဆင့်ထိ အသနားခံစာ တင်ထားသည့်အတွက် ယင်းအခြေအနေပေါ် ရလဒ်ထွက်လာ မှသာ ဆက်လက်လုပ်ဆောင် သွားရ မည်ဟု ပြောသည်။” အပေါ်က ညွှန်ကြားလာတဲ့အတိုင်း ကျွန်တော်တို့ ဆက်လုပ်ဖို့ စဉ်းစားမယ်။ လောလောဆယ်ကတော့ ဟိုတယ်အခန်း ပိုတွေ ကိုတော့ ချိတ်ပိတ်ထားပါတယ်” ဟု ဦးမင်းမင်းဦးက ပြောသည်။

kto_yoe2lay
ကျိုက်ထီးရိုးတောင်ပေါ်တွင် ရိုးရိုး လေးကုမ္ပဏီက ဟိုတယ်အခန်း ၁၃၅ ခန်းကိုသာ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနက ခွင့်ပြုထားသော် လည်း ခွင့်ပြုချက်ထက် အခန်းပေါင်း ၁၀၆ ခန်း  ပိုမို တည်ဆောက်ထားခြင်း     ဖြစ်သည်။

 

ကျိုက်ထီးရိုးကိစ္စနှင့် ပတ်သက်ပြီး ဇွန်လ ၂၇ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ သည့် အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန (ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)  ညွှန်ကြား ရေးမှူး ဦးအောင်ဆန်းဝင်းက ပြော သည်။
” ဥပဒေအတိုင်း ဆောင်ရွက်သွား မယ်ဆိုတာက အားလုံးပါပြီးသားပါ၊ အစည်းအဝေးဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်သွား မယ်ဆိုတာ ဆုံးဖြတ်ပြီး သားပါနော်၊ ဒါကို သက်ဆိုင်ရာအဖွဲ့က သူ့ဟာသူ ဆက်လက်ဆောင်ရွက်သွား မယ်” ဟု ဦးအောင်ဆန်းဝင်းက ပြော သည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တောင်ပေါ်က အဆောက်အအုံကိစ္စ၊ ဂေါပကအဖွဲ့ကိစ္စ ဘုရားပေါ်မှ အလှူခံ ဌာနကိစ္စ၊ တောင်တက် မော်တော်ယာဉ် ကိစ္စ တောင်တော်သန့်ရှင်းသာယာရေးကိစ္စများနှင့် ပတ်သက် ပြီး ဝေဖန်သံများ ထွက်ပေါ်နေသည့်အပေါ် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အစည်း အဝေးပြုလုပ်ခဲ့ပြီး ကျိုက်ထီးရိုးစေတီ စနစ်တကျထိန်းသိမ်းရေး ဆွေးနွေးခဲ့ကြ သည်။
ပြည်နယ် အစိုးရအနေဖြင့်လည်း ကျိုက်ထီးရိုးတောင်ပေါ်သို့ ပုံမှန် သွား ရောက်စစ်ဆေးမည်ဖြစ်ပြီး သတ်မှတ် စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ ထိန်းသိမ်းသွားမည်ဖြစ်သည့်အပြင် လိုက်နာမှုမရှိသူများကိုလည်း ထိရောက် စွာ အရေးယူသွားမည်ဟု ဝန်ကြီးချုပ်က ပြောသည်။ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ် စဉ်နှစ်တိုင်း  ပြည်တွင်း၊ ပြည်ပ ဘုရား ဖူးဧည့်သည်ပေါင်း ၂ သန်းကျော် လာ ရောက် လည်ပတ်လေ့ရှိကြပြီး စေတီ တော်ကြီးမှ နှစ်စဉ်ဝင်ငွေ ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် ရရှိနေသည်ဟု မွန် ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။