မလွှဲတောင်မှ ဘုတ်တောင်အထိ အရေးပေါ် လူနာတင်ယာဉ် ကွန်ရက် ချိတ်ဆက်နိုင်ရန် စီစဉ်

0
391

နိုင်ငံတကာ အဝေးပြေးလမ်းမကြီး တွင် တည်ရှိသည့် မလွှဲတောင်ထိပ်မှ ဘုတ်တောင်အထိ လမ်းတစ်လျှောက် တွင် ထားဝယ်ခရိုင်အတွင်းရှိ  အရေးပေါ် လူနာတင် ယာဉ်လုပ်ကိုင်နေသည့် မိတ် ဖက်အဖွဲ့များဖြင့် ကွန်ရက် ဖြန့်ကြက် ချိတ်ဆက်နိုင်ရန် စီစဉ်နေကြောင်း ထားဝယ်မြို့ အခြေစိုက်ဇမ္ဗူသီရိ အရေး ပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ ထံမှ သိရသည်။


မော်လမြိုင်-ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင်အနီးမှ ကလိန်အောင်မြို့ အကြားတွင် အရေးပေါ်လူနာတင်ယာဉ် ၁ စီး၊ ကလိန်အောင်မြို့မှ ထားဝယ်မြို့ ကြားတွင် ယာဉ် ၁ စီးနှင့် ထားဝယ်-မြိတ်လမ်းပိုင်းတွင် ဘုတ်တောင် အနီးထိ လူနာတင်ယာဉ် ၂ စီးတို့ဖြင့် ယာဉ် မတော်တဆမှုများကို အကူအညီပေးနိုင် ရန်အရေးပေါ်လူနာတင်ယာဉ် အဖွဲ့များ နှင့်ညှိနှိုင်းတိုင်ပင်နေကြောင်း ဇမ္ဗူသီရိ အဖွဲ့မှ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ဆိုသည်။

boat_tg
” ယာဉ်မတော်တဆမှုတွေမှာ ကယ် ဆယ်ရေးလုပ်ငန်းတွေ လက်ဦးမှုရအောင် စီစဉ်နေတာပါ” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
လာမည့် အောက်တိုဘာလတွင် စတင်ဆောင်ရွက်နိုင်ရန် လျာထားပြီး ကလိန်အောင်-ထားဝယ်လမ်းပိုင်း၌ ဇမ္ဗူသီရိအဖွဲ့မှ အရေးပေါ်ကား ၁ စီး ပုံသေ တာဝန်ယူနိုင်ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

 
ထားဝယ်ခရိုင်တွင် အခမဲ့အရေး ပေါ်လူနာတင်ယာဉ် လုပ်ကိုင်နေသည့် အသင်းအဖွဲ့ပေါင်း ၁၂ သင်းခန့် ရှိပြီး လူနာတင်ယာဉ် ၂၀ စီးခန့်ရှိကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ် ဆောင်ရေးအဖွဲ့ထံမှ သိရသည်။