ကော့သောင်းတွင် ကွမ်းရွက်ပင်များ ၃ နှစ်ဆက်တိုက် ပိုးကျ

0
445

ကော့သောင်းမြို့ရှိ ကွမ်းရွက်ပင် ပိုးကျခြင်းကို ၃ နှစ် ဆက်တိုက် ကြုံတွေ့နေရပြီး တစ်နှစ်ထက် တစ်နှစ် ဆိုးဝါးလာသည်ဟု ရွှေပြည်စိုးကျေးရွာ ၈ မိုင်ရှိ ကွမ်းစိုက် တောင်သူများထံမှ သိရသည်။


ကွမ်းပင် ပိုကျခြင်းကို ၂၀၁၃ ခုနှစ် မှစ၍ စတင်ကြုံနေရသော်လည်း ထိထိ ရောက်ရောက် ကာကွယ်ရန် နည်း လမ်း ယနေ့ထိ ရှာမတွေ့သေးကြောင်း ကွမ်းစိုက် တောင်သူများက ဆိုသည်။မိုးများသည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ် လများတွင် ပိုးကျများလေ့ရှိပြီး  ပိုးကျ သည့် ကွမ်းပင်သည်အရင်းမှ စတင် ပျက်စီးကာ နွယ်တစ်လျှောက် ဆွေးမြေ့ ကာတဖြည်းဖြည်း သေဆုံးသွားသည်ဟု ကွမ်းစိုက်တောင်သူ ဦးဝင်းနိုင်က ဆို သည်။
” တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာ တဲ့အတွက် နောက်နှစ်တွေ ထပ်မစိုက်နိုင် တော့တဲ့ အခြေအနေ ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေး သည့် ပိုးသတ်ဆေး အပြင် ထိုင်းဘက်က ပိုးသတ်ဆေးများကို  အသုံးပြုသော်လည်း ပိုးကျသည့် အန္တရာယ်ကို ကာကွယ်နိုင် ခြင်းမရှိဟု  ကွမ်းရွက်စိုက်ပျိုသူများက ပြောသည်။

 
” စိုက်ပျိုးရေးဘက်ကလည်း တတ် နိုင်သလောက် ပိုးသတ်ဆေးအမျိုးမျိုး စမ်းသပ်ပြီး ကွင်းဆင်းဆောင်ရွက် အဖြေရှာနေပါတယ်၊ ဘယ်လိုပိုးသတ် ဆေးနဲ့မှ နှိမ်နင်းလို့မရဘူး ဖြစ်နေ တယ်” ဟု ကော့သောင်းမြို့နယ် စိုက်ပျိုး ရေး နှင့်မွေးမြူရေးဦးစီးဌာန တာဝန်ရှိသူ က ဆိုသည်။

 
ကွမ်းရွက်အပင် ပိုးကျခြင်းကြောင့် ပြီးခဲ့သည့်နှစ်တွင် ကွမ်းတိုင်ပေါင်း သောင်းချီ ဆုံးရှုံးခဲ့သည်ဟု ကွမ်းစိုက် တောင်သူတို့က ဆိုသည်။