မြန်မာပွန်ပီပက်ကုမ္ပဏီ ဒုတိယအကြိမ် သတ္တုအတူးရပ်ရမည်

0
438

ထားဝယ်ခရိုင်၊ ဟိန္ဒားသတ္တုတွင်း တွင် သတ္တုတူးဖော်နေသည့် မြန်မာပွန်ပီ ပက်ကုမ္ပဏီကို ဒုတိယအကြိမ် ယာယီ ရပ်နားရန် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေမန် နေဂျာရုံးမှ ဇူလိုင်လ ၂၅ ရက်တွင် စာပို့ ခဲ့သည်။


ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူး ဖော်နေသည့် မြန်မာပွန်ပီပက်ကုမ္ပဏီနှင့် ဘ၀ပင် သတ္တုတွင်းတွင် သတ္တုတူး နေသည့် အရှေ့တိုင်းကုမ္ပဏီတို့ကို ဇွန်လ ၂၉ ရက်က အမှတ် ၂ သတ္တု တွင်းလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေ မန်နေဂျာက ယာယီရပ်နား ထားရန် အကြောင်းကြားခဲ့သည်။

mm_pp
ယင်းကုမ္ပဏီနှစ်ခုတွင် မြန်မာပွန် ပီပက်ကုမ္ပဏီကို ဆည်မြောင်းဦးစီးဌာန ၏ ထောက်ခံချက်ဖြင့် ဇူလိုင်လ ၁၆ ရက်တွင် လုပ်ငန်းကို စမ်းသပ်ပြန်လည် ပတ်ခွင့်ပြုခဲ့ပြီး ဇူလိုင်လ ၂၄ ရက်တွင် ထားဝယ်ခရိုင်သတ္တုလုပ်ကွက်စိစစ်ရေး အဖွဲ့က သွားစစ်ခဲ့ပြီးနောက် ဒုတိယ အကြိမ် ရပ်နားရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

 
” စမ်းသပ်ပြီး လုပ်ငန်းပြန်လည်ခွင့် ပြုလိုက်တာ    ရေဆိုးရေညစ်တွေ ပြန်ထွက် နေသေးတယ်”  ဟု ထားဝယ် ခရိုင် သတ္တု လုပ်ကွက် စိစစ်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်သည့် တိုင်း အစိုးရအဖွဲ့မှ သယံဇာတ နှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောသည်။

 
ပြည်သူလူထု၏ တိုင်ကြားချက် များ၊ သတ္တု လုပ်ကွက်စိစစ်ရေးအဖွဲ့၏ စစ်ဆေးချက်များအရ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း လုပ်ငန်းကို ယာယီရပ်နားထားရန် ဇူလိုင်လ ၂၆ ရက်တွင် စာပို့မည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်နေမှု များကြောင့် ထိခိုက်မှုမရှိစေရန် စနစ် တကျလုပ်ဆောင်ပြီးမှသာလုပ်ငန်း ပြန်လည်ပတ်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
” ထပ်ပြီးသွားစစ်ရဦးမှာပါ ”  ဟု ဦးမြင့်မောင်က ပြောသည်။

 
အရှေ့တိုင်းသတ္တုကုမ္ပဏီကိုမူ စမ်း သပ်လည်ပတ်ခွင့် မပြုသေးဘဲ လုပ်ငန်း ရပ်နားပြီး ပတ်ဝန်းကျင် မထိခိုက်စေရေး အတွက် အစီအမံများ လုပ်ဆောင်ရန်သာ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း တနင်္သာရီ တိုင်းဒေသကြီး အထွေထွေမန်နေဂျာက ညွှန်ကြား ထားသည်။
တနင်္သာရီတိုင်းတွင် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဒေသခံများ၏ လူမှုစီပွားနှင့် ပတ်ဝန်းကျင်အပေါ် ထိ ခိုက်မှုရှိသည့် သတ္တုတွင်းလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လာခဲ့သည်။