ကော့သောင်းနည်းပညာ အထက်တန်းကျောင်း လျာထားနှစ်မပြီး

0
423

ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာ တွင် ဆောက်လုပ်နေသည့် အစိုးရ နည်းပညာ အထက်တန်းကျောင်း လျာ ထားနှစ်တွင် မပြီးခဲ့ပေ။


၂၀၁၆ ခုနှစ် မတ်လတွင် အပြီး တည်ဆောက်ရန် လျာထားသော် လည်း ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က ရံပုံငွေ မရသောကြောင့် ဆောက်လုပ်မှုကို ရပ်နားခဲ့ရကြောင်း ယင်းကျောင်းကို တည်ဆောက်ရန် တာဝန်ယူထားသည့် အမိမြေ ဆောက်လုပ်ရေး ကုမ္ပဏီမှ သိရသည်။

 
” ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ ကျန်တဲ့ ငွေပမာဏကျလာပါပြီ၊ အရင် နှစ်တွေက ကျောင်းဆောက်ဖို့ ဘတ်ဂျက် (ရံပုံငွေ) ကျန်ခဲ့တာ လို့ သိရတယ်ဓဟု အမိမြေ ဆောက်လုပ်ရေးကုမ္ပဏီ တာ ဝန်ရှိသူက ဆိုသည်။နည်းပညာကျောင်း အပါအဝင် ၊ လက်တွေ့အသုံးပြုမည့် စက်ရုံတစ်ရုံ၊ ဝန်ထမ်းအိမ်ယာများကိုလည်း ကျောင်း ဧရိယာအတွင်း ဒေသခံ ကုမ္ပဏီနှစ်ခုက ဆောက်လုပ်လျက်ရှိသည်။
ယင်းကျောင်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလက စတင်တည်ဆောက် ခဲ့သည်။