ကမ်းဝေးလှေ ကမ်းနီးဖမ်းက တိုင်ပါ

0
420

ကမ်းဝေးလှေများ ကမ်းနီးဝင်ဖမ်း ပါက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်သို့ ဖုန်းဆက်တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး က ပြောကြားသည်။


ကမ်းဝေးလှေများ ကမ်းနီးဝင်ဖမ်း သည်ကို တွေ့ရှိပါက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမျိုး ဟန်(ရေတပ်)၏ ဖုန်းနံပါတ် ၀၉ ၇၃၁၅၂၄၄၉ သို့ ဖုန်းဆက်တိုင်ကြားနိုင် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
ဇူလိုင်လ ၂၁ ရက်က ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး တွင် ကျွန်းစုမဲဆန္ဒနယ်အမှတ် ၁ မှ ကိုယ်စားလှယ် ဦးတိုးလွင် အမေးကို ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

 
တနင်္သာရီ ကမ်းရိုးတန်းတစ် လျှောက်တွင် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးဝင်ဆွဲခြင်းကြောင့် ကမ်းနီးငါး ဖမ်းလှေများ၏ မျှောပိုက်များ၊ ကင်းမွန် မြှုံးများ စသဖြင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး သက်ဆိုင်ရာမှ ထိထိ ရောက်ရောက် မကိုင်တွယ်နိုင်သေးပေ။