စီမံကိန်းများကို လုပ်ငန်းအရည်အသွေး စိစစ်ပါ

0
645

တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ အစိုးရဘတ်ဂျက်ဖြင့် လုပ်ဆောင်သည့် စီမံကိန်းများကို လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးရန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တိုက်တွန်းကြောင်း အဆိုကို တိုင်းလွှတ်တော်တွင် တင်သွင်း ခဲ့သည်။


တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုငွေ၊ ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်တို့ဖြင့် အကောင်အထည်ဖော်နေသည့် စီမံကိန်း လုပ်ငန်းမှန်သမျှကို လုပ်ဆောင်ဆဲ ကာလနှင့် လုပ်ဆောင်ပြီး ကာလတို့တွင် အရည်အသွေးစစ်ဆေးရန် တိုင်းအစိုးရ ကို တိုက်တွန်းသည့်အဆိုကို တိုင်းဒေသ ကြီးလွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပုလော မဲဆန္ဒနယ်အမှတ် ၁  မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း က အထက်ပါအဆိုကို တင်သွားခဲ့ခြင်း ဖြစ်သည်။

 
” ကုမ္ပဏီအများစုဟာ သတ်မှတ် ထားတဲ့ စံချိန်စံညွှန်းစည်းကမ်းသတ်မှတ် ချက်အတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက် မှုမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက်သာ ရှေ့ရှုလုပ်ဆောင်နေတာ တွေ့ရပါတယ်” ဟု ဦးကျော်မင်းက လွှတ်တော်အစည်း အဝေးတွင် ပြောဆိုခဲ့သည်။
ယခင်အစိုးရ၏ ငါးနှစ်တာ သက် တမ်းတာကာလအတွင်း လုပ်ဆောင်ခဲ့ သည့် လမ်း၊ တံတား အဆောက်အအုံ အများစုသည် သတ်မှတ်အရည်အသွေး စံချိန်၊ စံညွှန်းများနှင့်အညီ မဆောင်ရွက် ခဲ့ခြင်းကြောင့် ကာလအနည်းငယ်အတွင်း ပျက်စီး ယိုယွင်းလာသည်ကို တွေ့ရ ကြောင်း ၎င်းက ဆိုသည်။

 
ယင်းသို့ဖြစ်ရခြင်းသည် မြေပြင် ကွင်းဆင်းစိစစ်မှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆို သည်။
ထိုကြောင့် လုပ်ငန်းကျွမ်းကျင် သည့် ပညာရှင်များ တိုင်း၊ ခရိုင်၊ မြို့ နယ်အဆင့်ဆင့် လုပ်ငန်းစိစစ်ရေး အဖွဲ့ များကို ဖွဲ့စည်းပြီး မြေပြင်လုပ်ငန်းခွင် လုပ်ငန်းများကို ထိရောက်မှန်ကန်စွာ စစ်ဆေးနိုင်ရန် အဆိုကို ဦးကျော်မင်းက တင်သွင်းခဲ့သည်။
၎င်း၏ အဆိုကို လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေး ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်တွင် မဲခွဲ၍ အဆုံးအဖြတ် ရယူရာတွင် ကန့် ကွက်သူမရှိသဖြင့် အဆိုကိုလက်ခံဆွေး နွေးရန် သဘောတူခဲ့သည်။