သတ်မှတ်လမ်းနယ်အတွင်း နေအိမ် အဆောက်အအုံများ တိုးချဲ့ မဆောက်ရ

0
504

လမ်းမကြီးများ ဥပဒေအရ သတ် မှတ်ထားသည့် သက်ဆိုင်ရာ လမ်း နယ်နိမိတ်အတွင်း နေအိမ် အဆောက် အအုံများ မဆောက် လုပ်ရန် တနင်္သာရီ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန် ရှိသူက ပြောသည်။


မြို့အပြင်ဖက်နေရာများတွင် လမ်း နယ်နိမိတ်အတွင်းသို့ ထပ်မံကျူးကျော် ဆောက်လုပ်ခြင်း မရှိစေရန်နှင့် အဖွဲ့ အစည်းအသီးသီးမှ ဆောင်ရွက်ထား သည့် ဓာတ်တိုင်များ၊ ဖုန်းလိုင်း၊ ကြိုး များနှင့် ကျူးကျော် ဆိုင်၊ အိမ် စသည့် များကို သက်ဆိုင်ရာ လမ်းမကြီးများ နယ်နိမိတ်အတွင်း ကျရောက်နေမှုရှိ၊ မရှိ မှတ်တမ်းတင် စာရင်းလုပ်ရန် လမ်းနယ်တိုင်း တာခြင်းဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် လမ်းနယ်တိုင်းတာ ခြင်းလုပ်ငန်း တစ်တိုင်းလုံးနီးပါး ပြီးစီး နေပြီဟု သိရသည်။”ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မရှိပါနဲ့လို့ ပြောချင်တယ်၊ စာရင်းလုပ်ဖို့ တိုင်းတာပဲရှိတယ်” ဟု ၎င်းက ဆိုသည်။ယင်းသို့ တိုင်းတာချိန်တွင် တချို့ နေရာများတွင် လူထုအား ရှင်းရှင်း လင်းလင်း အသိမပေးသည့် အတွက် လမ်းနယ်အတွင်း ပါသည့် နေအိမ် ပိုင်ရှင်များက စိုးရိမ်မှုများ ရှိခဲ့ကြသည်။
လမ်းနယ်ကျွံနေသည့် အဆောက် အအုံအားလုံးကို ကျူးကျော်အဖြစ် သတ် မှတ်မည်မဟုတ်ဘဲ ၂၀၁၄ ခုနှစ် ဇူလိုင် လတွင် လမ်းမကြီးများ ဥပဒေအား ပြင် ဆင်ထားသည့် ဥပဒေထွက်ရှိပြီးနောက်ပိုင်း တွင်လမ်းနယ်ကျွံ ဆောက်လုပ်ထား သည့် အဆောက်အအုံများကိုသာ ကျူး ကျော်စာရင်းတွင် ပါဝင်မည်ဖြစ်သည်။
သို့သော် အဆိုပါ နေအိမ်များကိစ္စ မည်သို့ ကိုင်တွယ်မည်ကိုမူ မသိရသေး ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
လက်ရှိ အချိန်တွင် အဆောက်အအုံ ဆောက်လုပ်မည်ဆိုပါက သက်ဆိုင်ရာ ဌာနမျာနှင့် ဆွေးနွေးတင်ပြပြီး ခွင့်ပြု ချက်ရမှ ဆောက်လုပ်သင့်ကြောင်း ၎င်း က အကြံပြုသည်။
လမ်းမကြီးများ ဥပဒေအရ နိုင်ငံ တကာ အဝေးပြေးလမ်းမကြီးများတွင် လမ်းအလယ်ဗဟိုမှ တစ်ဖက်တစ်ချက်သို့ ၁၁၅ ပေစီ၊ ပြည်ထောင်စုလမ်းမတွင် လမ်းအလယ်ဗဟိုမှ တစ်ဖက်တစ်ချက်သို့  ၇၅ ပေစီ၊ ခရိုင်ချင်းဆက် လမ်းများတွင် လမ်းအလယ်ဗဟိုမှ တစ်ဖက်တစ်ချက်သို့  ၇၅ ပေစီနှင့် မြို့ရွာအတွင်း လမ်းများတွင် ပေ၅၀ စီသတ်မှတ်ထားကြောင်း လမ်းဦး စီးဌာနမှ သိရသည်။
ရန်ကုန်၊ထားဝယ်၊ မြိတ်သို့ ဆက် သွယ်ထားသည့် လမ်းမကြီးမှာ နိုင်ငံ တကာ အဝေးပြေး လမ်းမကြီးများတွင် ပါဝင်သည်။
လမ်းမကြီးများ ဥပဒေအရ လမ်းမ ကြီး နယ်နမိတ်အတွင်း အဆောက်အအုံ များ ကျူးကျော် ဆောက်လုပ်ပါက ဒဏ်ငွေ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်း အထိပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူး လွန်ပါက ထောင်ဒဏ်တစ်နှစ် အထိ ချ မှတ်နိုင်သည့်အပြင်ဒဏ်ငွေ ကျပ်တစ် သိန်းမှ တစ်ဆယ်သိန်းအထိ ချမှတ်နိုင် သည်ဟု လမ်းမကြီးများ ဥပဒေတွင် ဖော်ပြပါရှိသည်။