မြိတ် ပုဂ္ဂလိကကျောင်းများ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲများ ကျင်းပမည်

0
444

ဇူလိုင်လ ၁၉ ရက်တွင် ကျရောက် မည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲများကို မြိတ်မြို့ရှိ ပုဂ္ဂလိ က ကျောင်းများက ပြုလုပ်မည်ဖြစ် ကြောင်း သက်ဆိုင်ရာ ကျောင်းများမှ သိရသည်။


အာဇာနည်နေ့ မတိုင်မီ ဇူလိုင်လ ၁၈ရက်တွင် အာဇာနည်နေ့ကို ဂုဏ်ပြု သောအားဖြင့် သက်ဆိုင်ရာ ကျောင်းများ တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီရေးဆွဲ ပြိုင်ပွဲနှင့် ဗိုလ်ချုပ်နှင့် ပတ်သက်သော မိန့်ခွန်းများကို ဟောပြောသွားမည် ဖြစ်ကြောင်း ကန်စွန်းအင်း ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်ဌေးက ပြော သည်။
အာဇာနည်နေ့တွင် ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်သို့ ချီတက်အလေးပြုမည်ဟု ဒေါ်တင်တင်ဌေးက ပြောသည်။
မြင့်မိုရ်ပုဂ္ဂလိက ပညာရေးကျောင်း ကမူ ဆိပ်ငယ်ရပ်ရှိ အာဇာနည် အထိမ်း အမှတ်ကျောက်တိုင်သို့ချီတက် အလေး ပြုမည်ဟု သိရသည်။
“ကျောင်းကဆရာ၊ ဆရာမတွေ ရော၊ ကျောင်းသူ/သားများနဲ့ ကျောင်း သားမိဘတွေကိုလည်း ဖိတ်ခ်ါထား ပါ တယ်၊ ဘင်ခရာတွေနဲ့ ချီတက်ဖို့ရှိ တယ်” လို့ မြင့်မိုရ်ပုဂ္ဂလိက ပညာရေး ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင် မောင်ဆွေက ပြောကြားသည်။
မြိတ်မြို့တွင် အာဇာနည်နေ့အခမ်း အနားကို နိုင်ငံရေးပါတီများကလည်း ကန်ဖျားလမ်းမကြီးရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထုတွင် ချီတက်အလေးပြုကြ မည်ဖြစ်သည်။