ထားဝယ်တွင် ၁၈ နှစ်အောက် လူငယ်များ မောင်းနှင်သည့် ဆိုင်ကယ်တိုက်မှု များလာ

0
752

ထားဝယ်တွင် အသက် ၁၈ နှစ် မပြည့်သေးသည့် လူငယ်များ မောင်းနှင် သည့် ဆိုင်ကယ်တိုက်မှုများ ပိုမိုများပြား လာကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရ သည်။


ပြီးခဲ့သည့် ဇွန်လအတွင်းက ယာဉ် တိုက်မှုကြောင့် ကူညီပေးခဲ့သူ အသက် ၁၈ နှစ် မပြည့်သေးသည့် လူငယ် ၇ ဦးရှိရာမှ ဇူလိုင်လ ၁ ရက်မှ ၆ ရက်အထိ အသက် ၁၂နှစ်မှ ၁၇ နှစ် အရွယ် ၅ ဦး ရှိကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
” အသက်မပြည့်ဘဲ ဆိုင်ကယ်စီး နေတာတွေကို မိဘနဲ့ကျောင်းက ဆရာမ တွေ ပူးပေါင်းထိန်းသိမ်း ကြပ်မတ်သင့်    တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြော သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်က ထားဝယ်မြို့ အထက (၃) ကျောင်းမှ သတ္တမတန်း ကျောင်းသူတစ်ဦး မောင်း နှင်လာသည့် ဆိုင်ကယ်မှာ ရွှေဝယ်သီရိ ရင်ပြင်ပတ်လမ်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်တိုက်မိကာ တိမ်းမှောက်ခဲ့ပြီး ဆေးရုံတင်ကုသစဉ် နောက်တစ်ရက်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နောက်မှ ထိုင်လိုက်သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ် မြို့မ ရဲစခန်းမှ သိရသည်။
ထားဝယ်ဒေသတွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၆ ရက်အထိ ယာဉ်တိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရ သူဦးရေမှာ ၅၉၆ ဦး အထိရှိကြောင်း ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ် ဆောင်ရေးအဖွဲ့ထံမှ သိရသည်။