ထားဝယ်ခရိုင် ကုန်သည် / စက်မှု နှစ်သင်းကို တစ်သင်းတည်းဖွဲ့ရန် သဘောတူ

0
665

ထားဝယ်တွင် ခရိုင်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်း နှစ်သင်း ပူးပေါင်းပြီး တစ်သင်းတည်းဖွဲ့ရန် ဇွန်လ ၁၇ ရက်က  လက်မှတ်ရေးထိုး ခဲ့ကြောင်း တိုင်းကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။


တိုင်းဒေသကြီး စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  ဦးရဲထွဋ် နိုင် ဦးစီးသည့် ခရိုင်ကုန်သည် ^ စက်မှု အသင်းနှင့် ဦးတင်အောင်သန်း ဦးစီး သည့် ခရိုင်ကုန်သည် / စက်မှုအသင်း တို့ ပူးပေါင်းရန် ၎င်းတို့နှစ်ဦး အပါအဝင် အသိသက်သေ ၃ ဦး လက်မှတ်ရေး ထိုးခဲ့ကြခြင်း ဖြစ်သည်။
“တိုင်းအသင်းက ဆက်ရှိနေမှာ ဖြစ်ပြီး ခရိုင်အသင်းသားတွေကို အသိ အမှတ်ပြုပြီး တိုင်းအသင်းမှာ ပါဝင် နိုင်အောင် ဆောင်ရွက်သွားမယ်” ဟု ဦးရဲထွဋ်နိုင်က ပြောသည်။ယင်းကိစ္စအား ဦးတင်အောင်သန်း ဦးစီးသည့် ခရိုင်ကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းသို့ ဆက်သွယ်မေးမြန်းရာ အသင်းပြန်ဖွဲ့ရန် ကိစ္စအား ဖြေကြားလိုခြင်း မရှိသေး ဟုသာ ခရိုင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
တနင်္သာရီတိုင်းအတွင်းရှိ ကော့ သောင်းခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ခရိုင် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းတို့ အသီးသီး ဖွဲ့စည်း ထားပြီး ထားဝယ်ခရိုင်တွင်မူ တိုင်း အသင်းမှ ဖွဲ့စည်းသည့် ခရိုင်အသင်းနှင့် ခရိုင်အတွင်းရှိလုပ်ငန်းရှင်များက ဖွဲ့ စည်းသည့် ခရိုင်အသင်းဟူ၍ နှစ်သင်း ကွဲကာ မပြေလည်မှုများ ရှိနေခဲ့သည်။
ယင်းသို့ ထားဝယ်ခရိုင် အတွင်း အသင်းနှစ်သင်းကွဲနေခြင်းကြောင့် ထား ဝယ်၊ မြိတ်၊ ကော့သောင်းမှ ခရိုင်အသင်း များပူးပေါင်းရွေးချယ်မည့် တိုင်းကုန် သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းရန်လည်း ကြန့်ကြာ လျက်ရှိသည်။