မိုးရာသီဗြောက်အိုးဖောက်နေရသော ထားဝယ်လယ်သမားများ

0
445

သီတင်းကျွတ် ကာလမဟုတ်ပါဘဲ ထားဝယ်လယ်သမားများ ဗြောက်အိုးဖောက်နေကြသည်။ ထားဝယ်မြို့အနီးရှိ စောမိညိုလယ်ကွင်းတွင်ဖြစ်သည်။ အပျော်သဘောဖောက်ခြင်းတော့ မဟုတ်။

မိုးရာသီလယ်ထွန်၊ မျိုးစပါးကြဲပြီးစအချိန်မှ စပါးပင်လက်လေးသစ်ခန့်ပေါက်လာချိန်ထိမျိုး စပါး နှင့် ပျိုးပေါက်ပင်များကို လာစားသည့်ရေစ္စလီငှက် (ဒေသအခေါ်ရေဘဲ) များကို ခြောက်လှန့်မောင်းထုတ်ရန် ဖြစ်သည်။

လာစားသည့် ရေဘဲကောင်ရေရာချီရှိသောကြောင့် တရုတ်နိုင်ငံထုတ်ဗြောက်အိုး (အရပ်ခေါ် ဘောလုံးမီးပန်း) များ ပစ်ဖောက်ကာခြောက်လှန့် မောင်းထုတ်နေရသည်ဟု ထားဝယ်မြို့၊ စောမိညိုကွင်းမှ လယ်သမားတစ်ဦးက ပြောသည်။
” စာခြောက်ရုပ်နဲ့ ခြောက်လို့လည်းမမှု၊ လောက်လေးနဲ့ပစ်လို့လည်း အရေးမစိုက်ဘူး။မီးပန်း (ဗျောက်အိုး)ဖောက်ပြီး အသံနဲ့ခြောက်ရင်တော်ရုံနဲ့ပြန်မ လာတော့ဘူး”ဟုလယ်သမားဦးဟန်စိန်က ပြောသည်။

ရေစ္စလီ(ခ)ရေဘဲများသည် မြေနိမ့်ပိုင်းကျသည့်လယ်ကွင်းများတွင် မျိုးစပါးကြဲချိန်နှင့်စပါးရင့် မှဲ့သည့်အချိန်မျိုး၌ အုပ်စုလိုက်လာစားလေ့ရှိပြီး ပျက်စီးဆုံးရှုံးမှုများသည့်အတွက် သူတို့ကို ဗျောက်အိုး ဖောက်ခြောက်လှန့်ရသည်က အလုပ်ပိုတစ်ခု ဖြစ်လာသည်။
မိုးရာသီဗြောက်အိုးဖောက်နေရသော ထားဝယ်လယ်သမားများ