တရုတ်မုန့်စားမိသည့် ကျောင်းသားများ မူးဝေအော့အန်

0
505

တရုတ်နိုင်ငံလုပ် ဂျယ်လီမုန့်အား စားသည့်အတွက် ရေဖြူမြို့နယ်သစ် တိုထောင့်ရွာမှ ကျောင်းသားသုံးဦးမူးဝေအော့အန်ခဲ့ပြီး တစ်ဦးကို ဆေးရုံ တင်ပို့လိုက်ရကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဇွန်လ၁၇ရက်နေ့က ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာ အလယ်တန်း ကျောင်းခွဲမှ ကျောင်းသား၃ဦးသည် ရွာမုန့်ဆိုင်မှ တရုတ်စာသားများပါ ဂျယ်လီဝယ်စားမိပြီးနောက် ဗိုက်အောင့် ခြင်း၊ ခေါင်းကိုက်ခြင်း စသည့်ရောဂါ လက္ခဏာများ ခံစားလာရကြောင်း ယင်း ကျောင်းသားများနှင့် အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။ ” စားလို့ရတယ်ထင်လို့ စားလိုက် တာ၊ စားပြီးတာနဲ့ လည်ချောင်းထဲမှ ရှတတဖြစ်ပြီး ကျန်ခဲ့တယ်” ဟု ဂျယ် လီစားပြီး ဝေဒနာခံစားခဲ့ရသည့်ဆဌမတန်းကျောင်းသူက ပြောသည်။

ဂျယ်လီအတုံးနှစ်တုံး စားပြီး တစ် နာရီခန့်အကြာတွင် ခေါင်းကိုက်ခြင်း၊ဗိုက်အောင့်ခြင်းတို့ ခံစားလာရကြောင်း ၎င်းကဆိုသည်။
သစ်တိုထောင့် အလယ်တန်း ကျောင်းခွဲမှ ပထမတန်းကျောင်းသား တစ်ဦး၊ ဆဌမတန်းကျောင်းသူတစ်ဦးနှင့် အဌမတန်းကျောင်းသူတစ်ဦးမူး ဝေအော့ အန်ခဲ့ပြီး အဌမတန်းက ကျောင်းသူကို ရေဖြူမြို့နယ်ဆေးရုံသို့ တင်ပို့လိုက် ရသည်ဟု အုပ်ချုပ်ရေးမှူးက ပြော သည်။” ကလေးနှစ်ယောက်ကတော့ ကျန်းမာရေး ဆရာမကဆေးတိုက်လိုက် လို့ အန်ပြီး သက်သာသွားတယ်၊ နောက် တစ်ယောက်ကတော့ မွေးရာပါရောဂါ (သွေးနှင့်ပတ်သက်) အခံရှိလို့ ဆေးရုံ တင်လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းဂျယ်လီထုပ်များအား ထားဝယ် မြို့စည်ပင်သာယာဈေးကြီးအနီးတစ်ဝိုက်ရှိ မုန့်မျိုးစုံအရောင်းဆိုင် များတွင် ဇွန်လ ၁၈ ရက်နေ့အထိ လက္ကားရောင်းချနေသေးကြောင်း သစ် တိုထောင့်ရွာမှ ဒေသခံများက ဆိုသည်။”ဂျယ်လီကစားလိုက်ရင် ကိုက်လို့ တောင်မပဲ့ဘူး၊ ရာဘာတုံးတွေကိုအနံ့နဲ့အရသာတွေထည့်ထားတာ” ဟု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဝယ်ယူကာစမ်း သပ်စားသုံးခဲ့သည့် သစ်တိုထောင့်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တရုတ်မုန့်စားမိ၍ ဒေသခံများက အစာဆိပ်သင့်ခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း ရေဖြူမြို့နယ် ဆေးရုံအုပ်ကမူ အစား ဆိပ်သင့်ခြင်းမဟုတ်ဟု ဆိုသည်။မုန့်တွေ စားတာများတာလည်း ပါ တာပေါ့၊ လေးထုပ်တောင်စားတယ်ဆို တော့ နေရခက်မှာပေါ့” ဟုရေဖြူမြို့နယ် ဆေးရုံအုပ် ဒေါက်တာခင်မျိုးက ပြော သည်။

ဆေးရုံရောက်လာသည့် ကျောင်း သူသည် အစားအသောက်စားများသွား ခြင်းကြောင့် မအီမသာဖြစ်နေသည်ကို မိဘများက အစာဆိပ်သင့်သည်ဟု ထင်ကာ ကန်စွန်းရွက်အရည်တိုက် သဖြင့် ကလေးလန့်သွားခြင်းသာဖြစ် ကြောင်း ၎င်းက ဆိုသည်။
ကျောင်းသားများ မူးဝေအော့အန် စေခဲ့သည့် အဆိုပါ တရုတ်နိုင်ငံထုတ် ဂျယ်လီမုန့်အား စားသုံးရန်သင့်/မသင့် FDA သို့ ဓာတ်ခွဲစမ်းသပ်ရန်နမူနာများ ပေးပို့သွားမည်ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။ထားဝယ်ဒေသရှိ အခြေခံပညာ ကျောင်းများတွင် စားသုံးရန်မသင့် သည့် တရုတ်နိုင်ငံထုတ် အစားအသောက်များ ကျယ်ပြန့်စွာ ရောင်းချလျက်ရှိသော် လည်း စိစစ်ကြပ်မတ်မှု အားနည်းနေ သည်ဟု ကျောင်းသားမိဘများက ဝေဖန်လျက်ရှိသည်။

အဆိုပါ ကျောင်းသူမှာ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ဆေးရုံ သို့ရောက်ရှိလာပြီး ရောဂါသက်သာ သွားသည့်အတွက် ဇွန်လ ၁၈ ရက်နေ့ နံနက်တွင် ဆေးရုံမှဆင်းသွားပြီဖြစ် ကြောင်း ရေဖြူမြို့နယ်ဆေးရုံထံမှ သိရသည်။