မော်လမြိုင် ရွှေဟသာင်္အ၀ိုင်း ပြန်တပ်မည်

0
457

မော်လမြိုင်မြို့အ၀င်၊ သံလွင်တံတားအနီးရှိ ဆွမ်းအုပ်အ၀ိုင်း နေရာတွင် ယခင်ရှိခဲ့ဖူးသည့် ရွှေဟင်္သာရုပ်ဖြင့် ပြန်လည်အစားထိုး သွားမည် ဖြစ်သည်။

စစ်အစိုးရ လက်ထက်တွင် မွန်တိုင်းရင်းသားတို့၏ သင်္ကေတဖြစ်သော ဟင်္သာရုပ်ကို ဆွမ်းအုပ်ဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

13428658_974906469294944_808727492190503297_n
ဓာတ်ပုံ- အရှင် စန္ဒဇောတိ ဖေ့ဘွတ်

မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ သိုလှောင်ရုံဝင်းတွင် ဆယ်စုနှစ် တစုစာ နီးပါး ရှိခဲ့ပြီး အကောင်းပကတိ တွေ့ရှိခဲ့သော ဟသာင်္အား ယခု ဆွမ်းအုပ်အ၀ိုင်းနေရာတွင် ပြန်လည် တပ်ဆင်သွားမည် ဖြစ်သည်။

မော်လမြိုင် သာသာနွယ်ဖောင်ဒေးရှင်မှ ဆရာတော် အရှင် စန္ဒဇောတိ (သာသနာနွယ်) က ယခင်စစ်အစိုးရ လက်ထက် ဖြုတ်လဲခဲ့သော ဟင်္သာရုပ်အား ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် တင်ခဲ့သည်။

ဟင်္သာရုပ်ထုအား ယခင်နေရာတွင် ပြန်လည်တပ်ဆင်သွားရန်နှင့် မီးထွန်းနိုင်ရန် မွန်ပြည်နယ် ၀န်ကြီးချုပ်က ရက် ၁၀၀ အတွင်း စီစဉ်ပေးမည်ဖြစ်သည်ဟု ဆရာတော်က ပြောဆိုရေးသားထားသည်။

13394010_974906599294931_2881781264462553374_n
ဓာတ်ပုံ- အရှင် စန္ဒဇောတိ ဖေ့ဘွတ်
13417561_974906532628271_4118784936628187321_n
ဓာတ်ပုံ- အရှင် စန္ဒဇောတိ ဖေ့ဘွတ်