ကျွန်တော်တို့ အားလုံးတွင် တာဝန်ရှိသည်

0
496

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အယ် နီညိုဟု အခေါ်ရှိသည့် ပူကျစ်လွန်းလှသည့်  ရာသီဥတုကို အန်တုရင်း မိုးဥတု၏အစကို ဝင်ရောက်ခဲ့ပြီ။အပူချိန် လွန်ကဲမှုကြောင့် လူအများ အပြား သေဆုံးသည့် သတင်းများပင် သ တင်းစာများမှ တစ်ဆင့် သိရသည်။


တောင့်တမိသောကြောင့်  ကိုယ်ထင် ပြတော့မည့် မိုးဦးမုတ်သုန်မိုးကလည်း လေမုန်တိုင်းနင့်အတူ ဒေါသတကြီး ဝင်လာမည့် သတင်းများကို မိုးလေ၀သ ပညာရှင်များက လူမှုကွန်ရက်နှင့် သတင်း စာများမှ အဆက် မပြတ်သတိပေး ဖော်ပြ နေသည်။
လက်တလော ဖြစ်ရပ်များသည် လူ သားမျိုးနွယ်နှင့် သဘာဝတရားအကြား သဟဇာတ မဖြစ်မှုပြဿနာ အကြီးအကျယ် ရှိနေသည်ကို ပြနေသည့် သဘောဖြစ်သည်။ ရေရှည်မှာ လူသားအသက်ရှင် ရပ်တည်မှု အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ် သည်။ သက်ရှိလူသားများအတွက် ပြဿ နာ အကြီးကြီးအဖြစ် မြင်မိသည်။

weall_have_responsibilities
ပြဿနာတိုင်းတွင် ဖြစ်ရသည့် အကြောင်းအရင်း ရှိသည်။ ဖြစ်ရသည့် အကြောင်းအရင်း၏ အဓိကတရားခံမှာ လူများပင် ဖြစ်သည်။ လူသည် သာမန် အားဖြင့် လောဘသားများသာ ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် ယင်းလောဘစိတ်ကို အားပေးအားမြှောက် လုပ်သွားသည့် ဆုံးဖြတ်ချက်ချသူနှင့် ပိုင်လျှင် လုပ်ချင်သလို လုပ်နိုင်သည့် စနစ် (အာဏာရှင်စနစ်)တစ်ခုကို ဖြတ်သန်းခဲ့ရသည်။

ထို့ကြောင့် တောလည်းပြောင်၊ တောင်လည်း ပျောက်၊ မြေကြီးတွေလည်း ဒဏ်ရာဗရပွ။
မြစ်ချောင်းများလည်း တိမ်ကောပ ပျောက်ပြီး ဥပဒေအရ မဟုတ်ဘဲ အာဏာ ဖြင့်ခွင့်ပြုသွားသည့် မျက်စိတစ်မြင် (မျက်စိ တစ်ဆုံးမဟုတ်)ဆီအုန်းနဲ့ ရာဘာအတွက် အပြောင်ရှင်းစနစ်၊ အထိန်းအကွပ်မဲ့ ဒီရေ တောခုတ်ခြင်း၊ သတ္တုလုပ်ငန်းစသည်တို့ သည် ဆိုးဝါးသော ရာသီဥတု ပြောင်းလဲခြင်း ၏ အဓိကတရားခံများ ဖြစ်သည်။ကျွန်တော်တို့ ပြန်လည်ကုစားရမည်။
ပြန်လည် ထိန်းသိမ်းရမည်။

တားဆီးရမည် အတော်ကို ကြိုးစား ရမည်။တစ်ချိန်က ကျွန်တော်တို့ဒေသ၏ တောင်တန်းများတွင် စိမ်းလန်းအုံ့ဆိုင်း နေသော သစ်တောကြီးများက ယခုအခါ တောင်ကတုံးများ ဖြစ်နေပြီ။ ထိုမျှ အုံ့ ဆိုင်းနေသော သစ်တောကြီးများ ဖုံးလွှမ်း ရာ တောင်ကြီးများကို ခုတ်ဖြတ်ရောင်းချကာ အတိုင်းအဆ မရှိချမ်းသာသူက ချမ်းသာ သွားကြပြီး စည်းစိမ်ခံနေကြချိန်တွင် ပြည်သူ အများစုက သဘာဝဘေးဒဏ်ကို အလူးအလဲခံ နေကြရသည်။
ကျွန်တော်သည် ကော့သောင်းမြို့နယ် တိုင်းဒေသကြီးအမှတ် (၂) ကိုယ်စားလှယ် ဖြစ်သည့်အလျောက် ကျွန်တော့်မဲဆန္ဒနယ် ရှိရာ ဖော့သုတ်၊ ဆိပ်ဖူးပါ (ဒေသအခေါ် ရှမ်းကိုးရွာ) သို့ မဲဆန္ဒရှင်များနှင့် တွေ့ဆုံစဉ် ရွာ၏ အရေးတကြီး အလိုအပ်ဆုံးအရာမှာ ဒေသတစ်ခုလုံးကဲ့သို့ သောက်သုံးရေ ဖြစ် ကြောင့် သိခဲ့ရသည်။

ယင်းဒေသသည် ထိုင်းနိုင်ငံနှင့် ခဲ တပစ်စာ အော်၍ကြားနိုင်သော ဒေသဖြစ် သည်။ သို့သော် တစ်ဖက်ကမ်းထိုင်းမှ ရေကိုသွားရောက် မှိခိုနေရသည်။ ကျွန်တော် တို့တွင် နွေရာသီ မရောက်ခင်မှာပင် ရေရှား ပါးမှု အခက်အခဲက စတင်နေပြီ။ ဆိုလို သည်က မြစ်လေးတစ်ခုသာခြားသည့် နေရာနှစ်ခုမှာ အကျိုးပေးမတူသည့် အဓိက တရားခံက သစ်တော ပြုန်းတီးမှုဖြစ်သည် သစ်တောကြီးများကို အပြောင်းရှင်းသည့် စနစ်ဖြင့်ခွင့်ပြု ပေးခြင်းသည် အဓိက အကြောင်းအရင်း ဖြစ်သည်။ တဖက် ထိုင်းနိုင်ငံတွင် ရေဝေရေလဲ ထိန်းပေးသည့် အုံ့ဆိုင်းနေသော သစ်တောကြီးများ ဖုံးလွှမ်းရာ တောတောင်ကြီးများကို မျက်စိတစ်ဆုံး တွေ့မြင်နေရသည် ထိန်း ထားနိုင်သည်ကို ကျွန်တော်တို့ သင်ခန်းစာ ယူရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၁၀ မှ ၂၀၁၅ ထိ ငါးနှစ်အတွင်း သစ်တော ဟတ်တာသုံး သန်းခန့် ပြုန်းတီးခဲ့ကာ ကမ္ဘာ့သစ်တော ပြုန်းတီးမှု အများဆုံးနိုင်ငံများထဲတွင် အဆင့်သုံးနေရာ၌ ရောက်ရှိနေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က ထုတ်ပြန် သတိပေးထားသည်။ ဒါ့အပြင် ငါးနှစ်အ တွင်း သစ်တော ၁ ဒဿမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့ပြီး တစ်နိုင်ငံလုံး သစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ ၄၅ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း ယင်းအဖွဲ့က ထပ်မံ သတိပေးထားသည်။
ကျွန်တော်တို့ အားလုံးထိုကိစ္စကို ထပ်မံ လျစ်လျူရှုထားပါက ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ဒေသ၊ နောင်မျိုးဆက် သစ်များအတွက် အသက်ရှင်ရပ်တည်ရေးကို ပါ ခြိမ်းခြောက် လာနိုင်သည့်အဓိက ပြဿနာကြီးအဖြစ် မလွဲမသွေဖြစ်လာမည် ဖြစ်သည်။

ထိုကြောင့် သစ်တောနှင့် ဒီရေတော များ အပြောင်ရှင်းစနစ်ဖြစ် ခွင့်ပြုခြင်း၊ ခုတ်ယူခြင်း၊ သတ္တုများ အဆင်ခြင်မဲ့ စည်းကမ်းမဲ့ ထုတ်ယူရန် ခွင့်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများ သည် လက်တလောတွင် ထိန်းသိမ်းရ ခက်ခဲသည့် အဆင့်ထိ ဖြစ်ပေါ်နေပါပြီ။
ယခုကဲ့သို့ အမှားမျိုးထပ် မဖြစ်အောင် သင်ခန်းစာ ယူရမည်။

ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာတွင် အစိုးရတွင် သာမကပြည် သူများအနေဖြင့်လည်း တရားမဝင် သစ်တောများ၊ ဒီရေတောများ ခုတ်ယူခြင်း သယ်ဆောင်ခြင်း ယင်းနှင့် ဆက်စပ်၍ အကျင့်ပျက်ခြစားသည့် ဝန်ထမ်းများအား ဖော်ထုတ်ခြင်း၊ သက်ဆိုင်ရာသို့ တိုင်ကြား ခြင်းဖြင့်လည်းကောင်း သစ်တောများအား ပြုစု စောင့်ရှောက်ထိန်းသိမ်း ခြင်းနည်းဖြင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်သင့် သည် ပူးပေါင်းပါဝင်ရန်တာဝန် ရှိပါသည်။
အစိုးရအနေဖြင့်လည်း ပြည်သူကို ပူး ပေါင်းပါ ဝင်ခွင့်ဖန်တီး ပေးရမည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် အားလုံးနှင့်ဆိုင်သည်ဟုခံယူပြီး လက်တွဲ ဆောင်ရွက်ရင်းဖြင့် ထိန်းသိမ်း စောင့်ရှောက် သင့်ပါကြောင်း ဆော်ဩလိုက်ရပါသည်။