တရုတ်ဘုံကျောင်းအတွင်း ရိုက်နှက်မှု နှစ်ရက်ကျော်ကြာအထိ တရားခံ မမိသေး

0
512

ထားဝယ်မြို့ရှိ တရုတ်ဘုံကျောင်းအတွင်း ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ကျောင်းအစောင့်ကို ဝင်ရောက်ရိုက်နှက်ကာ ငွေနှင့်လက်ကိုင်ဖုန်းများ လုယူသူ များကို နှစ်ရက်ကျော်ကြာအထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

chinese_school
ဓာတ်ပုံ – ခိုင်ငြိမ်းဆွေ/

ထိန်သစ်ရပ်ကွက်ရှိ စောစီကုန်း တရုတ်ဘုံကျောင်းသို့ လူငယ်သုံးဦးဆိုင် ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ခဏအကြာ၎င်းတို့က ဆိုင်ကယ်သော့ ပျောက် သည်ဆိုသဖြင့် အစောင့် အမျိုးသားမှ ကူညီရှာဖွေပေးနေချိန်တွင် လူငယ်သုံးဦးက ယူဆောင်လာသည့် သံတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

၎င်းနောက် အစောင့်ထံမှ ငွေ ခြောက်သောင်းနှင့် ဖုန်းတစ်လုံးကို လုယူသွားခဲ့ ကြောင်း ယင်းမှတ်တမ်းအရ သိရသည်။

ယင်းသို့ လုယူသွားသူများကိုဇွန်လ ၁၁ ရက်နေ့ ညနေအထိ ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ရိုက်နှက်ခံရခြင်းကြောင့် ဒဏ်ရာရရှိသွားသော ဘုံကျောင်းအစောင့်သည် အလုခံရပြီးနောက် ကားလမ်းမပေါ်သို့ထွက်ကာ ပတ်ဝန်းကျင်ကို အကူအညီ တောင်းခဲ့သည့် ဘုံကျောင်းနှင့်မျက်နှာချင်းဆိုင်ရှိ ထမင်းဆိုင်မှ အမျိုးသမီးတစ်ဦး ကပြောသည်။

” နှစ်ယောက်ကချုပ်ထားပြီး တစ်ယောက်က သံတုတ်နဲ့ရိုက်တယ်လို့ပြော တယ်” ဟုအစောင့်၏ ပြောဆိုချက် ပြန်လည်ဖောက်သည်ချသည်။

လူငယ်သုံးဦး၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အစောင့်အမျိုးသားတွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ယာမေးရိုးဖူးရောင်ဒဏ်ရာတစ်ချက်နှင့် လည်ပင်း ယာဖက် ညိုမဲဒဏ်ရာတို့ ရရှိခဲ့ပြီး ဇွန်လ ၉ ရက်နေ့တွင် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ကုသထားသည်။

ညာဘက်မေးရိုး ကျိုးသွားသည့်အတွက်ရန်ကုန်သို့ ပို့ဆောင်လျက် ရှိကြောင်း ထားဝယ်-ရန်ကုန်လမ်းတွင် လူနာနှင့်အတူ ရောက်ရှိနေ သည့် အစ်ကိုဖြစ်သူက ဇွန်လ ၁၀ ရက်နေ့ညနေပိုင်းတွင် ပြောကြားသည်။
ရိုက်နှက်လုယက်သူများကို စုံစမ်းလျက်ရှိပြီး (ပ) ၃၁၈^၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။