ကန်ချနာဘူရီ-ထားဝယ် အလှမယ်ပြိုင်ပွဲ နော်သွယ်သွယ်ထူး ဆုနှစ်ဆုချိတ်

0
850

ကန်ချနာဘူရီ -ထားဝယ် အလှမယ်ပြိုင်ပွဲတွင် ထားဝယ်ဒေသမှ သွားရောက်ယှဉ်ပြိုင်သူ နော်သွယ်သွယ်ထူးက ဆုနှစ်ဆုဆွတ်ခူးခဲ့သည်။

13413749_239155063133591_94978948714018889_n
ဓာတ်ပုံ – ကိုဇော်/Dawei Watch

ထိုင်း-မြန်မာ နယ်စပ် ဖူနန်ရွန်ရွာတွင် ဇွန်လ ၁၂ ရက်နေ့ ညတွင် ကျင်းပခဲ့သည့် ထိုအလှမယ်ပြိုင်ပွဲတွင် ထားဝယ်ဒေသမှ အလှမယ် ၆ ဦး၊ ထိုင်းနိုင်ငံမှ အလှမယ် ၁၆ ဦးနှင့် နယ်စပ် ထီးခီး/ထီးထ ဒေသမှ မြန်မာအလှမယ် ၈ ဦး စုစုပေါင်း အလှမယ် ၃၀ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။

အလှမယ်ရွေးချယ်ပွဲတွင် နော်သွယ်သွယ်ထူးမှ ဒုတိယဆုနှင့် ဓာတ်ပုံအလှဆုံးဆု တို့အား ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

နော်သွယ်သွယ်ထူး။  ဓာတ်ပုံ - ကိုဇော်/Dawei Watch
နော်သွယ်သွယ်ထူး။ ဓာတ်ပုံ – ကိုဇော်/Dawei Watch

ထားဝယ်မှ သွားရောက်ယှဉ်ပြိုင်သည့် အလှမယ် ၆ ဦးအနက် ၄ ဦးမှာ ဆန်ခါတင် ၁ဝ ဦး စာရင်းဝင်ခဲ့သည်။

ပထမဆုနှင့် တတိယဆုတို့အား ထိုင်းအလှမယ် များက အသီးသီးရရှိခဲ့ကြပြီး ထီးခီး/ထီးထဒေသမှ မြန်မာအလှမယ်တစ်ဦးက သတင်းထောက်များ အကြိုက်ဆုံးဆုကို ရရှိခဲ့သည်။

13423950_239155209800243_5552554347249931029_n
ဓာတ်ပုံ – ကိုဇော်/Dawei Watch

ပြီးခဲ့သည့် မေလဆန်းတွင် ကျင်းပခဲ့သော Miss Tanintharyi Region မှ အလှမယ်ခြောက်ဦး ဖြစ်သော နော်သွယ်သွယ်ထူး၊ မသဲဆုနိုင်၊ မစုနွယ်လင်း၊ မဝေေ၀ဖြိုး၊ မအေးမာချို နှင့် မအိအိဖြူတို့မှာ ထားဝယ်ဒေသ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းချစ်ကြည်ရေးပွဲတွင် ဈေးဆိုင် ၂၀၀ ကျော် ပါဝင်သည့်ဈေးရောင်းပွဲတော်လည်းပါဝင်ပြီး ဇွန်လ ၁၀ရက်နေ့မှ ဇွန်လ ၁၃ ရက်အထိ ကျင်ပပြုလုပ်လျက်ရှိသည်။

ဖူနမ်ရွမ်ရွာတွင် ကျင်းပသည့် အဆိုပါ နှီးနှောဖလှယ်ပွဲသည် ၄ ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ကိုဇော်/Dawei Watch
ဓာတ်ပုံ – ကိုဇော်/Dawei Watch