ထားဝယ်တွင် အင်ဂျင်နီယာလုပ်ငန်းလုပ်ကိုင်ခွင့် စာမေးပွဲများဖြေနိုင်မည်

0
433

ထားဝယ်တွင် မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်း၊ တနင်္သာရီတိုင်းဒေသကြီး အသင်းခွဲ ကိုမေလ ၁၅ ရက်နေ့က ဖွဲ့စည်းလိုက်သဖြင့် အင်ဂျင်နီယာ လုပ် ငန်းလုပ်ကိုင်ခွင့် စာမေးပွဲများကို ထား ဝယ်တွင် ဖြေဆိုနိုင်ပြီ ဖြစ်ကြောင်း ယင်း အသင်းခွဲထံမှ သိရသည်။

လက်ရှိအချိန်တွင် အင်ဂျင်နီယာ လုပ်ငန်းလုပ်ကိုင်ခွင့် စာမေးပွဲများကို မော်လမြိုင်တွင် သွားရောက်ဖြေဆို နေရ သည့်အတွက် တနင်္သာရီတိုင်းဒေသကြီး အသင်းခွဲကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အင်ဂျင်နီယာများ ထားဝယ်အသင်းခွဲတွင် ဖြေဆိုနိုင်တာ့မည် ဖြစ်သည်။
” ထားဝယ်မှာ ရုံးအတွက် နေရာ ရှာနေတယ်။ ရုံးရပြီဆိုရင် ထားဝယ်မှာ ဖြေလို့ရပြီ” တနင်္သာရီတိုင်းဒေသကြီး အသင်းခွဲမှ တာဝန်ရှိသူ ဦးကျော်နိုင်လေး က ပြောသည်။

အင်ဂျင်နီယာများ၊ အင်ဂျင်နီယာ ကျောင်းသားများ၊ နည်းပညာဘွဲ့ရရှိ ထားသောသူများ၊ A.G.T.I လက်မှတ် ရရှိထားသောသူများ နှင့် အင်ဂျင်နီယာ မဟုတ်သော်လည်းအင်ဂျင်နီယာနှင့် ဆိုင်သော လုပ်ငန်းများ လုပ်ကိုင်နေ သောသူများလည်း လာရောက်အသင်းဝင်နိုင်ကြောင်းသိရသည်။
” မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဝင်ထားတဲ့သူမှ AEC ၊ RE ၊ RSE ၊ PE စတဲ့ဝင်ခွင့်စာမေးပွဲတွေကို ဝင် ရောက်ဖြေဆိုနိုင်တယ်။ အင်ဂျင်နီယာ အသင်းက ပြုလုပ်တဲ့သင်တန်းတွေကိုလည်းတက်ခွင့်ရှိတယ် ” ဟု ဦးကျော်နိုင် လေးကပြောသည်။

၎င်းအပြင် အသင်းသားများ အနေ ဖြင့် စာတမ်းဖတ်ပွဲတက်ရောက်ခွင့်၊ လေ့ လာရေးခရီးသွားခွင့်အင်ဂျင်နီယာ လုပ် ငန်းနှင့် သက်ဆိုင်သည့် ပစ္စည်းတွေကို ငှားရမ်းခွင့် ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။လက်ရှိတွင် အသင်းဝင် ၁၁ ဦး ရှိပြီး အများစုမှာကျောင်းသားများဖြစ်ကြောင်းမြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း (တနင်္သာရီတိုင်းဒေသကြီး အသင်းခွဲ) ထံမှ သိရသည်။

ဘွဲ့ရ ကျောင်းသားများအနေနှင့် ဘွဲ့လက်မှတ်မိတ္တူ နှင့် ဓာတ်ပုံ ၃ ပုံဖြင့် အသင်းဝင်အဖြစ် လာရောက်လျှောက်ထားနိုင်ပြီးကျောင်းတက်ဆဲ ကျောင်း သားများအနေဖြင့် ကျောင်းသားကတ် မိတ္တူ နှင့် ဓာတ်ပုံ ၃ ပုံဖြင့် လမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံးတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။