ယင်းဝါကန်အနီး ဝန်ထမ်းအိမ်ယာ ဆောက်တော့မည်မဟုတ်

0
452

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ် ကွက်ရှိ ယင်းဝါရေလှောင်ကန် ရေဝေ ရေလဲ ဧရိယာအတွင်း ဝန်ထမ်းအိမ်ယာ တည်ဆောက်မည့် ကိစ္စအား ရပ်ကွက်နေ လူထုက ကန့်ကွက်သည့်အတွက် တည် ဆောက်တော့မည်မဟုတ်ဟု ကော့ သောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။


ယင်းဝါကန်အနီး စည်ပင်ယာယာ ရေးအဖွဲ့မှ ဝန်ထမ်းအိမ်ယာ ၂ လုံး တည်ဆောက်မည့်ကိစ္စအား ကန့်ကွက် ကြောင်းကို မေလ ၁၃ ရက်က ကော့သောင်းခရိုင်နှင် မြို့နယ် အုပ်ချုပ် ရေးထံသို့ ရပ်ကွက်နေ ပြည်သူ ၅၄ ဦးက လက်မှတ်ရေးထိုး ပေးပို့ခဲ့သည်။
၁၉၉၃ ခုနှစ် ယင်းဝါရေလောင်တမံ တည်ဆောက်ခဲ့စဉ်က ရေကန်အနီးရှိ အခိုင်အမာ တည်ဆောက်ထားသည့် လူနေအိမ်များကို ရေကန်သန့်ရှင်း သာယာ လှပရေးအတွက် ဖယ်ရှားခဲ့ပြီး ယခုမှ စည်ပင်သာယာရေးအဖွဲ့၏ ဝန် ထမ်းအိမ်ယာ တည်ဆောက် မည်ဆို ခြင်းမှာ အကျိုးအကြောင်း မလျော်ညီဟု ယူဆသည့်အတွက် ကန့်ကွက်ရခြင်းဖြစ် ကြောင်း ရပ်ကွက်နေသူများက ပြော သည်။
ရေကန် သောက်သုံးရေ ညစ်ညမ်းမှု ကာကွယ်ရန်၊ ရေကန်၏ ရေဝေရေလဲ နေရာများ သဘာဝပတ်ဝန်းကျင် အလှ အပများ မပျက်စီးရန်၊ မူလပိုင်ရှင်များက ရပိုင်ခွင့်အဖြစ် နိုင်းယှဉ်တောင်းဆို လာခြင်းမှ ကြိုတင် ကာကွယ်နိုင်ရန် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ကန့်ကွက် လက်မှတ် ရေးထိုးခဲ့သည့်ဟု ဦးပန်း အောင်က ဆိုသည်။
” အနီးနေ ပြည်သူတွေ သဘောမတူ ကန့်ကွက် လာပြီဆိုတော့ ဝန်ထမ်း အိမ် ယာဆောက်ဖို့ မလုပ်တော့ဘူး၊ အခုဖို့ နေတဲ့ မြေတွေက လမ်းက ချိုင့်တွေကို ဖို့နေတာ” ဟု ကော့သောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်က ဆိုသည်။
ပြည်သူများ သဘောမတူပါက ကန်အနီး ဝန်ထမ်းအိမ်ယာ မဆောက်ဘဲ အခြားနေရာတွင် မြေနေရာ ရှာမည်ဖြစ် ကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ် ရေးဌာနမှ တာဝန်ရှိသူက ပြောသည်။
ရေကန်တည်ဆောက်ခဲ့စဉ်က လူနေအိမ်ရာ ၃၂အိမ် ကို သက်ဆိုင်ရာမှ  ဖယ်ရှားခိုင်းခဲ့သည်ဟု ဖယ်ရှားပေးခဲ့ရ သူများက ပြောသည်။