တိုင်းအတွင်း ရပ်ကွက်/ကျေးရွာ ၆၀ ကို အထူးစောင့်ကြည့်မည်

0
544

တနင်္သာရီတိုင်းအတွင်း ဒုစရိုက်မှု နှင့် ယာဉ်တိုက်မှု အဖြစ်များသည့် ရပ်ကွက်၊ ကျေးရွာ ၆၀ ကို အထူး စောင့်ကြည့်သွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။


မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ပြားခြင်း အပါအဝင် အခြား အမှုကြီး များနှင့် ယာဉ်တိုက်မှုများပြားခြင်း တို့ ကြောင့် ယင်းနေရာများအား Hot Spot  ဧရိယာအဖြစ်သတ်မှတ်ကာ ရက်၁၀၀ အတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်းကျ ဆင်းလာစေရန် ဦးစားပေးလုပ်ဆောင် သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 
” ပညာပေးတာတွေ စောင့်ကြည့် တာတွေနဲ့ စစ်ဆေးတာတွေ ဆောင်ရွက် သွားမယ်”  ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ဧပြီလ ၁ ရက် ဇွန်လကုန်အထိ ရက်တစ်ရာ စီမံကိန်းအဖြစ် ထားဝယ်မြို့ နယ်တွင် ၄ နေရာ၊ လောင်းလုံးမြို့နယ်တွင် ၆ နေရာ၊ သရက်ချောင်းမြို့နယ်တွင် ၅ နေရာ၊ ရေဖြူမြို့နယ်တွင် ၆ နေရာ၊ မြိတ်မြို့နယ်တွင် ၅နေရာ၊ ကျွန်းစုမြို့ နယ် တွင် ၈ နေရာ၊ ပုလောမြို့နယ်တွင် ၂ နေရာ၊ တနင်္သာရီမြို့နယ်တွင် ၄ နေ ရာ၊ ကော့သောင်းမြို့နယ်တွင် ၈ နေရာ နှင့် ဘုတ်ပြင်းမြို့နယ်တွင် ၁၂ နေရာ တို့အား စောင့်ကြည့် သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

 
” ဒီလိုမျိုး သတ်မှတ်ပြီး ဆောင်ရွက် ပေးမယ်ဆိုတော့ အရမ်းဝမ်းသာမိတယ်၊ ဒါမှ စိတ်ချလက်ချ နေထိုင်သွားလာလို့ ရမယ်လေ”   ဟု Hot Spot ဧရိယာအဖြစ် သတ်မှတ်ခံထားရသော ရပ်ကွက်တစ်ခု ဖြစ်သည့် ထားဝယ်မြို့၊ ထိန်သစ်ရပ် ကွက်မှ ဦးညီလေး ကပြောသည်။
ထားဝယ်မြို့၊ ထိန်သစ်မြို့သစ်တွင် မြန်မာနိုင်ငံ အထက်ပိုင်းမှ ရောက်ရှိ လာသည့် ရွေ့ပြောင်းလုပ်သားများမှာ ဆောက် လုပ်ပြီး လူမနေသည့်အိမ်များ တွင် တက်ရောက်နေထိုင်မှုများ ရှိနေ သည့်အတွက် ဒုစရိုက်မှုများ ကျူးလွန် လာမည်ကို စိုးရိမ်နေရသဖြင့် ယင်းကဲ့သို့  Hot Spot  ဧရိယာအဖြစ်သတ်မှတ် ခြင်းအား ကြိုဆိုကြောင်း ဦးညီလေးက ပြောသည်။

 
မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဆိုးသွမ်းနေချိန်တွင် ယင်းကဲ့သို့ သတ် မှတ်လိုက်သည့်အတွက် လူငယ်များ အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ရှိလာ ကာ ယဉ်ကျေးလာမည်ဖြစ်သည့်အတွက် ဝမ်းသာမိကြောင်း Hot Spot  ဧရိယာ အဖြစ် သတ်မှတ်ခံရသည့် သဘော့ ဆိပ်ကျေးရွာမှ ဦးတင်စိုးက ပြောသည်။

 
တနင်္သာရီတိုင်းတွင် မြို့ပေါ်ရပ် ကွက် ၈၃ ရပ်ကွက်၊ကျေးရွာအုပ်စု ၂၆၃ စုနှင့် ကျေးရွာပေါင်း ၁၂၃၀ ရွာရှိပြီး  နေထိုင်သည့်လူဦးရေ ၁၄ သိန်း ကျော်ရှိ ကြောင်း သိရသည်။

 
လူဦးရေ ၁၄ သိန်းကျော်ရှိသည့် တနင်္သာရီတိုင်းတွင် မြို့မရဲစခန်း ၁၀ ခု၊ နယ်မြေရဲစခန်း ၁၉ ခုနှင့် ရဲကင်း ရဲစခန်း ၇ ခုရှိပြီး ရဲတပ်ဖွဲ့ အင်အားမှာ ၁၀၇၆ ဦးသာ ရှိသောကြောင့် ရဲနှင့်ပြည် သူအချိုးမှာ ၁ အချိုး ၁၃၀၉ (ရဲတစ်ဦး လျှင် ပြည်သူ ၁၃၀၉ ဦး) ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။