မောင်းမကန် – ရန်ကုန် တိုက်ရိုက် ခရီးစဉ်စတင်

0
501

ဒေသခံများ ခရီးသွားလာရေး ပိုမို လွယ်ကူစေရန်အတွက် ရန်ကုန်-မောင်း မကန် ခရီးစဉ်ကို စတင်ပြေးဆွဲနေပြီ ဖြစ်ကြောင်း ရွှေလီရတနာခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းထံမှ သိရသည်။


မေလ ၈ရက်မှ စတင်ပြေး ဆွဲခြင်း ဖြစ်ပြီး ဈေးနှုန်းကို ထားဝယ်-ရန်ကုန် ဈေးနှုန်းအတိုင်းပင် သတ်မှတ်ထားကာ မောင်းမကန်ကျေးရွာရှိ ဦးကျော်သန်း နေအိမ်မှ စတင်ထွက်ခွာကြောင်း အဆိုပါယာဉ်လိုင်းထံမှ သိရသည်။

” နယ်ခံတွေအတွက်ရော မောင်းမ ကန်ကမ်းခြေကိုလာမယ့် ဧည့်သည်တွေ အတွက်ပါ အဆင်ပြေအောင်လို့ အခုလို ပြေးဆွဲတာပါ”  ဟု ရွေလီရတနာခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူ ဦးရန်နိုင်က ပြောသည်။

ရန်ကုန်-ထားဝယ်ခရီးသည် တင်ယာဉ်လိုင်းများသည် ရန်ကုန်မှ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အဝေးပြေးကားကွင်းအထိသာ ပြေးဆွဲ ကြပြီး ယင်းသို့ အထင်ကရကမ်းခြေတစ်ခု ရှိသည့် မောင်းမကန်သို့ တိုက်ရိုက်ပြေး ဆွဲခြင်းမှာ ပထမဆုံး ဖြစ်သည်။