အမျိုးသမီးငယ်များပါ ကော်ရှုလာ

0
429

နယ်စပ်မြို့တစ်ခုဖြစ်သော ကော့ သောင်းမြို့တွင် ကော်ရှုလေ့ရှိသော ကလေး ငယ်များတွင် အမျိုးသမီးငယ်များပါ ပါဝင်လာကြောင်း ကော့သောင်း ဒေသခံ များထံမှ သိရသည်။


ယခင်ကဆယ်ကျော်သက် ယောက်ျား လေးများသာ ပြုလုပ်လေ့ ရှိသည့် ကော်ရှု ခြင်းကို အရွယ်မရောက် သေးသည့် အမျိုးသမီးများပါ ပြုလုပ်လာ ကြခြင်း ဖြစ်သည်။ ယင်းကလေးငယ်များသည် အဏ္ဏဝါ ရပ်ကွက် ဆိပ်ကမ်းသာ ပန်းခြံအတွင်း ကော်ရှုလေ့ရှိကြောင်း ပန်းခြံအတွင်း အပန်း ဖြေ လမ်းလျှောက်သူများက ဆိုသည်။
ဆယ်ကျော်သက်နှင့် အရွယ် မရောက်သေးသည့် အမျိုးသမီးငယ် ၃ ဦး သည် ညဘက်တွင် ပန်းခြံအတွင်း ဖျာခင်း အိပ်ကြပြီး ညပိုင်းတွင် ကော်ရှု ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ ပြုလုပ်ကြကြောင်း ကော့သောင်းမြို့၊ ကမ်းနားလမ်းတွင် ကော်ဖီဆိုင် ဖွင့်ထား သည့် အမျိုးသမီးတစ်ဦးက ပြောပြသည်။
” အရွယ်မရောက်သေးတော့ လူရမ်း ကားတွေ၊ နှမချင်းမစာမနာသူတွေ ဖျက်ဆီးမှာ စိုးရိမ်မိတယ်”  ဟု ၎င်းက ဆိုသည်။
ထိုသို့သော လေလွင့်ကလေးများ ကို ထိန်းသိမ်းပြုပြင် စောင့်ရှောက်ပေး မည့် ပရဟိတအဖွဲ့များ ရှိရန်လိုအပ်နေ ပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုကြ သည်။