အသင်းမဝင်ကားများကြောင့် ထားဝယ်-ထီးခီးယာဉ်လိုင်း ၁၄ ခု ရပ်နား

0
394

အသင်းမဝင်ဘဲ ပြေးဆွဲနေသည့် ကားများကြောင့် ထားဝယ်-ထီးခီး အ သင်းဝင်ထားသည့် ယာဉ်လိုင်းများမှ ကားများတွင် ခရီးသည်အရနည်းလာပြီး ယာဉ်လိုင်း ၁၄ လိုင်း အထိ ရပ်နား ခဲ့ရကြောင်း ထားဝယ်-ထီးခီးကား အသင်း ထံမှ သိရသည်။


ယခင် ထားဝယ်-ထီးခီးကား အသင်း စတင်ဖွဲ့စည်းချိန်က ယာဉ်လိုင်း ၃၀ ကျော်ရှိပြီး ထိုအချိန်က အသင်းမဝင် ကားများ မပြေးဆွဲသေးဘဲ အသင်းဝင် ကားတစ်စီးလျှင် တစ်နေ့လျှင် ခရီးသည် ၁၅ ဦးခန့် ပုံမှန်ပို့ ဆောင်ခဲ့ရကြောင်း ထားဝယ်-ထီးခီး ကားအသင်းဝင်ထား သည့် ယာဉ်လိုင်းထံမှ သိရသည်။
” အခုဆိုတစ်နေ့ ခရီးသည် ၅ ယောက်အများဆုံးပဲ။ ခရီးသည်ရ နည်း လာလို့ အခုရပ်နားထားတဲ့ အသင်းဝင် ယာဉ်လိုင်း  ၁၄ လိုင်းရှိတယ်” ဟု ယင်းယာဉ်လိုင်းတာဝန်ခံကပြောသည်။
အသင်းမဝင်ကားများ၏ကားခနှင့် တန်းတူနှုန်းထားဖြင့် ပြေးဆွဲနေရသဖြင့် အသင်းဝင်ထားသောကားများမှာ စရိတ် မကိုက်ဘဲပြေးဆွဲနေရကြောင်းယင်း ယာဉ်လိုင်းထံမှ သိရသည်။
ထားဝယ်-ထီးခီးလမ်းသို့ ပြေးဆွဲ နေသောယာဉ်လိုင်းများ အသင်းဝင်မှု မရှိဘဲ ပြေးဆွဲနေကြခြင်းကြောင့် အသင်း ဝင်ထားသော ယာဉ်များရေရှည်တွင် အခက်အခဲဖြစ်လာနိုင်သည်ဟု ထား ဝယ် -ထီးခီးကားအသင်းမှ တာဝန်ရှိသူက ဆိုသည်။