ထားဝယ်စီမံကိန်း ပင်လယ်အတွင်း သောင်တူးကာ စင်ကာပူကို သဲရောင်းမည်

0
419

နိုင်ငံတော်အဆင့် ကော်မတီအစီ အစဉ်ဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရှိ ဆိပ်ကမ်းငယ်တွင် သောင်တူး ကာ စင်ကာပူနိုင်ငံသို့ သဲရောင်းမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။


ဆိပ်ကမ်းငယ်တွင် သင်္ဘောများ အဝင်အထွက် အဆင်ပြေစေရန် သောင် တူးကာ ထွက်ရှိလာသည့် သဲကို စင်္ကာ ပူနိုင်ငံသို့ရောင်းချမည်ဖြစ်ပြီး သဲသယ် ယူရန် တရုတ်ကုမ္ပဏီမှ သောင်တူး သင်္ဘော နှစ်စီး မတ်လ ၂၉ ရက်နေ့က ရောက်ရှိလာ ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရ သည်။
“ရေနက်ဆိပ်ကမ်းနေရာမှာ သင်္ဘော ကြီးတွေဝင်ဖို့ ရေစူးတိမ်တဲ့အတွက် သဲတွေစုပ်ပြီး ဒီသဲတွေကို စင်ကာပူရောင်း မယ်လို့သိရတယ်”  ဟု ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗီယက်နမ်နိုင်ငံဖက်မှ လာရောက် သည့် အဆိုပါ တရုတ်ကုမ္ပဏီ၏သင်္ဘော နှစ်စင်းပေါ်တွင် တရုတ်နိုင်ငံသား ပညာ ရှင်များနှင့် သင်္ဘောသားများ တင်ဆောင် လာပြီး လုပ်ငန်းလုပ်ကိုင်ရန် နိုင်ငံတော် အဆင့်ကော်မတီတစ်ခုနှင့် သဘောတူ ထားပြီးဖြစ်ကာ သဲများကို စင်ကာပူနိုင်ငံ သို့ သယ်ယူသွားမည်ဟု အကြမ်းဖျင်း သိထားကြောင်း ယင်းတာဝန်ရှိသူက ဆို သည်။
နိုင်ငံတော်အဆင့်ကော်မတီသည် မည်သည့်ကော်မတီဖြစ်သည်ကိုမူ  မသိရှိ ကြောင်း ၎င်းကပြောသည်။
မတ်လ ၃၀ ရက်နေ့တွင် တရုတ် သင်္ဘောနှစ်စီးရောက်ရှိလာပြီး လောလော ဆယ်တွင် ဆိပ်ကမ်းငယ်သို့ အဝင်အထွက် ရေလမ်းကြောင်းဝင်ကြည့်ခြင်း ဖြစ်သည် ဟု သိထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး (ထားဝယ်ဆိပ်ကမ်း)တာဝန်ခံက ဆိုသည်။
” အခုမှ စာရွက်စာတမ်းတွေတင်ပြီး ဘာလုပ်မယ်ဆိုတာ မသိရသေးဘူး”  ဟု အဆိုပါ တာဝန်ခံက ဆိုသည်။
ယင်းဆိပ်ကမ်းငယ်သည် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတွင်ပါဝင်သည့် အကြီးစား ရေနက်ဆိပ်ကမ်း မတည်ဆောက်မီ ဆောက်လုပ်ရေးပစ္စည်း များသယ်ယူရန်အတွက် ငပိတက်ငယ်ရွာ တွင် တည်ဆောက်ထားသည့် ဆိပ်ကမ်း ငယ်ဖြစ်သည်။