ရွှေဝယ်သီရိ ပညာဗိမာန် စာကြည့်တိုက်

0
534

ထားဝယ်မြို့ ရွှေဝယ်သီရိ ရင်ပြင် ဝင်ပေါက်နံဘေးမှာ ရွှေဝယ်သီရိ ပညာဗိ မာန်စာကြည့်တိုက် ၃ ထပ် အဆောက် အအုံကို မတ် ၁ ရက်နေ့က စဖွင့်လိုက် ပါတယ်။စာအုပ်ဝယ်ဖို့ အခက်အခဲရှိတယ်၊ စုံစုံလင်လင်လည်း ဖတ်ချင်တယ်ဆိုတဲ့ သူတွေအတွက် စာကြည့်တိုက်နဲ့ ပတ် သက်ပြီး လမ်းညွှန်ပေးလိုက်ပါတယ်။


စာကြည့်တိုက်ရဲ့ ပထမအထပ်မှာ စာအုပ်ခန်း ၁ ခန်း၊ စာဖတ်ခန်း ၃ ခန်း၊ ဒုတိယအထပ်မှာ ရိုးရိုး စာဖတ်ခန်း ၁ခန်း၊ Tablet နဲ့ဖတ်နိုင်တဲ့ စာဖတ် ခန်း ၁ ခန်း၊ ကွန်ပျူတာအခန်း ၁ ခန်း ရှိပြီး သက်တောင့်သက်သာ စာဖတ်နိုင် ရန် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

shwe_wal_thiri_library
စာအုပ်တွေကို အမျိုးအစားအလိုက် တခန်းစီခွဲထားတာဖြစ်လို့ ဖတ်လိုတဲ့ စာအုပ်ကို အချိန်ကုန် သက်သာစွာရှာ နိုင်ပါတယ်။ စာကြည့်တိုက်မှာ သုတ စာပေစာအုပ် ၇၀၈၉ အုပ်၊ ဝတ္ထု ၂၀၀၀ အုပ်၊ မဂ္ဂဇင်း ၂၃၇ အုပ်၊ သရုပ်ပြစာပေ ၄၈၈ အုပ် စုစုပေါင်း ၉၈၁၄ အုပ်ရှိ တယ်လို့ သိရပါတယ်။
ကွန်ပျူတာ အခန်း မှာတော့ ရှိတဲ့ ကွန်ပျူတာ ၁၂ လုံးမှာ ၆လုံး ကို Wifi ချိတ်ထားပေးတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်ဖုန်းနဲ့လည်း  Wifi အခမဲ့ သုံးနိုင်ပါတယ်။  Tablet တွေထားတဲ့ အခန်းမှာတော့ Tablet ၁၀ လုံးထား ပေးထားပြီး ဖတ်ချင်တဲ့ စာအုပ်ကို  Tablet ကိုအသုံးပြုပြီး ဖတ်နိုင်တယ်လို့ ဆိုပါတယ်။
စာကြည့်တိုက်ကို ဘယ်သူမဆို၊ အသက်အရွယ်အပိုင်းအခြား အကန့် အသတ်မရှိ လေ့လာနိုင်ပါတယ်။ တနင်္ဂနွေနေ့ကလွဲလို့ ကျန်ရက်တွေမှာ နံနက် ၉ နာရီခွဲ ကနေ ညနေ ၄ နာရီ အထိကို စာကြည့်တိုက်ဖွင့်ချိန်အဖြစ် သတ်မှတ်ထားပြီး ဖွင့်ချိန်ထပ်တိုးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
ရွှေဝယ်သီရိ ပညာဗိမာန် စာကြည့် တိုက်မှာ စာအုပ်တွေကို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ပြီး ပြင်ပကို ငှားသွားမယ် ဆိုရင် အမည်နဲ့ မှတ်ပုံတင်နံပါတ်ကို ပေးထား ခဲ့ရမယ်လို့ သိရပါတယ်။
အဲဒီလို စာရင်းပေးပြီးငှားရင် စာကြည့်တိုက်ရဲ့  Member အဖြစ် အလိုလို စာရင်းသွင်းပြီးသား ဖြစ်သွား မယ်လို့ ဆိုပါတယ်။