ထားဝယ်အများပိုင်ကုမ္ပဏီ ရှယ်ယာကို မတ်လ ၂၅ ရက်အထိသာ ရောင်းမည်ဟုဆို

0
415

ထားဝယ်ဖွံဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီ (DDPC) ၏ ရှယ်ယာများကို မတ်လ ၂၅ ရက်အထိသာ နောက်ဆုံးထား ရောင်းချသွားမည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။


DDPC ကုမ္ပဏီအနေဖြင့် စတော့ ရှယ်ယာဈေးကွက်သို့ဝင်ရန် ပြင်ဆင် နေခြင်းကြောင့် မတ်လ ၂၅ ရက်တွင် ရှယ်ယာဝယ်ယူခွင့်ကို စာရင်းပိတ်မည် ဖြစ်ပြီး လက်ရှိအချိန်တွင် တစ်သိန်း တစ်သောင်းငါးထောင်ကျပ် ဈေးပေါက် နေသည့် တစ်သိန်းတန် ရှယ်ယာတစ်စု လျှင် စတော့ရှယ်ယာ ဈေးကွက်ဝင် ပြီးပါက ၁၅ သိန်းကျပ် ဝန်းကျင်အထိဖြစ် လာနိုင်သည်ဟု ဦးခင်စိုးက မတ်လ ၁၆ ရက်နေ့က ပြုလုပ်သည့် DDPC ဈေး ဝယ်စင်တာ အဆောက်အအုံဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
” ရှယ်ယာကို ဒေသက လူတွေ အားလုံး ပိုင်စေချင်တယ်။ စာရင်းပိတ်ပြီး ရင်တော့ တစ်သိန်းတစ်သောင်း ငါးထောင် နဲ့ မရတော့ဘူး။ အဲဒါက မြန်မာပြည် တစ်ပြည်လုံး  International  ကပါ ဝယ်လို့ရတဲ့ Market (ဈေးကွက်) ဖြစ် လာရင် အဲဒီကပေါက်တဲ့ ဈေးအတိုင်း ပဲ ဝယ်ရပါမယ်” ဟု ဦးခင်စိုးက ဆိုသည်။ထားဝယ်ဒေသခံများအားလုံးပါဝင် နိုင်ရန်အတွက် ကုမ္ပဏီ၏ ရှယ်ယာများ ကို အကန့်အသတ်မရှိရောင်းချခွင့် ပေး ထားကြောင်း ၎င်းက ဆိုသည်။
ရှယ်ယာစာရင်းပိတ်ပြီးနောက် ကုမ္ပဏီကို စာရင်းစစ်မူနှင့် ကိုက်ညီ အောင်ပြင်ဆင်မည်ဖြစ်ပြီး စတော့ ရှယ် ယာဈေးကွက်ဝင်နိုင်ရေး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း  DDPC ကုမ္ပဏီ ထံမှ သိရသည်။လက်ရှိ DDPC ကုမ္ပဏီတွင် အစုရှယ်ယာရှင် ၇၀၀ ကျော်ရှိပြီး အစု ပေါင်း ၆၀၀၀၀ ရောင်းချထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။