ထိုင်းအဝယ်လိုက်၍ အုန်းသီး ဈေးမြင့်

0
501

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှ စ၍ မြန်မာ-ထိုင်းနယ်စပ် တစ်ခုဖြစ် သည့် မောတောင်ဒေသမှ ထိုင်းကုန်သည် များက လာရောက်ဝယ်ယူမှုကြောင့် မြိတ် ကျွန်းစုဒေသထွက် အုန်းသီးဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း အုန်းသီး အရောင်းဝယ်ဒိုင်များထံမှ သိရသည်။


ပြီးခဲ့သည့် ၃ လခန့်က မြိတ်ဈေး ကွက်တွင် အုန်းသီးတစ်လုံးကို ကျပ် ၃၀၀ မှ ၄၀၀ အထိရှိခဲ့ပြီး လက်ရှိမှာ တစ်လုံးကို ကျပ် ၅၀၀ မှ ၆၀၀ အထိ ဈေးပေါက် နေကြောင်း မြို့သစ်ရပ်ကွက်မှ ဦးအုန်းမြင့်က ပြောသည်။
“အရင်တုန်းကဆိုရင် ပင်လယ်ပိုင်း ဒေသက တက်လာတဲ့ အုန်းသီးကို သောင်းပြောင်းဈေး ၂၅၀ ကျပ်ဈေးနဲ့ ကျွန်တော်တို့ ဝယ်ရတယ်၊ အခုက ၃၅၀ ကျပ် ဈေးဖြစ်နေတယ် ဝယ်သူကများ တော့ အလုအယက် ဖြစ်နေတယ်” ဟု ဦးအုန်းမြင့်က ရှင်းပြသည်။
မြိတ်ဒေသထွက် အုန်းသီးများသည် မြိတ်ကျွန်းစု ပင်လယ်ပိုင်းဒေသများ ဖြစ် သည့် သဲအော်၊ သဲတန်း၊ ကပ၊ ရေပြည့် အော်နှင့် ညောင်မိုင် စသည့် ကျေးရွာများမှ ထွက်ရှိသည်။