မွန်ပြည်နယ် လက်ရှိလွှတ်တော်နှင့် လွှတ်တော်သစ် မိတ်ဆက်မည်

0
465

လွှတ်တော်သစ်ပြန်မစမီ လက်ရှိ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် များနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ     တွေ့ဆုံမိတ်ဆက်ပွဲတစ်ရပ်ကို ဇန်နဝါရီလ ၁၈ရက်တွင် ကျင်းပသွားမည်ကြောင်း ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။


မိတ်ဆက်ပွဲတွင်လွှတ်တော် လုပ်ငန်းများ၊ မွန်ပြည်နယ်လွှတ်တော် ၅နှစ်သက်တမ်းအတွင်း အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေများ လွှတ်တော်နှင့်ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံ များ အစရှိသည်တို့ကို လွှတ်တော် ကိုယ်စား လှယ်အသစ် များအား မိတ်ဆက်ပေးခြင်းနှင့် အပြန်အလှန် မိတ်ဆက်မှုများ ပြုလုပ်မည်ဟု ပြည်နယ်လွှတ်တော်ရေးရာဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။

“လက်ရှိ ဒီလွှတ်တော်သက်တမ်းတစ်လျှောက်ရဲ့ လုပ်ငန်းတွေ ပြီးတော့လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေနောက်တစ်ခုက သူတို့ဘက်က သိချင်တာတွေပေါ့။ အဲဒါကို လွှတ်တော် မိတ်ဆက်တဲ့အစီအစဉ် လုပ်ဖို့ပါ”  ဟု ၎င်းက ပြောသည်။လွှတ်တော်မိတ်ဆက်ပွဲသို့ နိုင်ရပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များအားလုံး တက်ရောက် ရန်လည်းဖိတ်ကြားထားပြီး လာမည့်လွှတ်တော်သက်တမ်းအတွက် လုပ်ငန်းများအဆင် ပြေချောမွေ့စေရန် ပထမအကြိမ်လွှတ်တော်သက်တမ်း၏ လုပ်ဆောင်ချက်အတွေ့အကြုံများကို ဖလှယ်နိုင်ရန် ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့ ကိုယ်စားလှယ်အသစ်တွေနဲ့ ၅ နှစ်လုံးလုံး အတွေ့အကြုံရှိခဲ့တဲ့ ကိုယ်စားလှယ်တွေ မိတ်ဆက်တာပဲပြောပြော လုပ်ငန်းအတွေ့အကြုံဖလှယ်တာပဲပြောပြော ဒါဟာ ကောင်းတဲ့အစီအစဉ်တခုပါပဲ” ဟု အနိုင်ရ လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ၁၉ ဦး၊ မွန်အမျိုးသားပါတီမှ ၂ ဦး၊ မွန် ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ၁ ဦး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရေးမြို့နယ်၊ အစင်ကျေးရွာတွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ ပြား ဖမ်းဆီးရမိခဲ့သည်ဟုရေးမြို့မရဲစခန်းက သိရသည်။

ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်၏ညွှန်ကြားချက်အရ ရေးရဲစခန်းမှ ဒုရဲအုပ် ကျော်သက်ခိုင်နှင့်နယ်ထိန်း တပ်ဖွဲ့ဝင်များသည် သက်သေ
များနှင့်အတူ ရေးမြို့နယ်၊ အစင်ကျေးရွာ၊နယ်မြေ(၁၃)ရှိ အထက်ပါ အမျိုးသမီး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၅ ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။

ထို့ပြင် ၎င်း၏ နေအိမ်ပေါ်၌ မူးယစ်ဆေးဝါးသုံးစွဲဝယ်ယူသုံးစွဲရန်ရောက်ရှိနေသူ အသက် ၁၉ နှစ်၊ ၂၁နှစ်နှင့် ၃၂နှစ်အရွယ် အမျိုးသားတို့ကိုလည်း ဖမ်းမိခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဆေးပြားများလက်ဝယ်တွေ့ရှိသူနှင့် သုံးစွဲသူများအား    ရေးမြို့နယ်ရဲစခန်းက မူး/စိတ်ပြောင်းပုဒ်မ ၁၅/၁၉ (က)၊၂၀(က)အရ အမှုဖွင့် အရေးယူထား ကြောင်းသိရှိရသည်။       ပါတီမှ ၁ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦးတို့ တက်ရောက်ကြမည်ဖြစ်သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စတင်ခေါ်ယူမည့်နေ့ဖြစ်သည့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဟု သိရသည်။