မုန့်ဝယ်ကျွေးမည်ဟု လှည့်ဖြားခေါ်ပြီး ၆နှစ်ရွယ် မိန်းကလေးကို သားမယားပြုကျင့်ရန် ကြံစည်

0
395

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အုပ်စု အင်းလေးမြိုင်စက်မှုဇုန်တွင် ဒီဇင် ဘာလ ၂၆ ရက် နံနက် ၁၁ နာရီခန့်က အသက် ၃၀ ရှိ အမျိုးသားတစ်ဦးမှ ၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်ကို မုန့်ဝယ် ကျွေးမည်ဟု ခေါ်ဆိုသွားပြီး သားမယား အဖြစ်ပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ ကြောင်း ကာယကံရှင် မိန်းကလေးငယ်၏ ဦးလေးဖြစ်သူမှ သိရသည်။

ယင်းနေ့ နံနက် ၈ နာရီအချိန်ခန့် တွင် နေအိမ်မှ ကလေးငယ်ကို မုန့်ဝယ် ကျွေးမည်ဟု ခေါ်ဆောင်သွားပြီး စက်မှု ဇုန်ဝင်းရှိ ဗင်းတေ့ခ်ျကုမ္ပဏီ အနောက် ဘက် ချုံပုတ်များကြားတွင် အဝတ်အစား များချွတ်ပြီး အဓမ္မပြုကျင့်ရန် အားထုတ် နေစဉ်လမ်းသွားသူ နှစ်ဦးက မသင်္ကာ သဖြင့် ဝင်ကြည့်မိရာမှ ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း ကာယကံရှင်၏ ဦးလေး က ပြောပြသည်။

“ကလေးကို နေအိမ်ကနေပြီး ခေါ် သွားတာပါ၊ ဒီလိုဖြစ်လိမ့်မယ်လို့ မထင် ထားဘူး” ဟု ၎င်းပြောသည်။
မိန်းကလေးငယ်အား အဓမ္မပြုကျင့် ရန်ကြံစည်သည်ဟု စွပ်စွဲခံရသူ ကိုနိုင် နိုင်ဆိုသူသည် ကလးငယ်၏ ဖခင်ဖြစ် သူနှင့် ရင်းနှီးနေသဖြင့် နေအိမ်တွင် ခေတ္တ ခဏ လာရောက်နေထိုင်သူ တစ်ဦးဖြစ် ပြီး မြိတ်နယ်သားမဟုတ်ကြောင်း ကလေး ငယ်၏ မိသားစုဝင်များထံမှ သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး က လေး၏မိခင်ဖြစ်သူက တရားလိုပြုလုပ် ပြီး မြိတ်မြို့ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ခဲ့ရာ ကိုနိုင်နိုင်၊ ၃၀နှစ်အား ပုဒ်မ ၃၇၆^၅၁၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင် ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရ သည်။