အနိုင်ရ ထားဝယ် NLD ကိုယ်စား လှယ်လောင်းများ အမှိုက်ကောက်လှုပ်ရှားမှု စည်ပင် ပူးပေါင်းမည်

0
433

NLD ပါတီမှ အနိုင်ရ ကိုယ်စား လှယ်လောင်းများ ဦးဆောင်၍ အမှိုက် ကောက်ရာတွင် ထားဝယ်မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ ပူးပေါင်းပါဝင် သွားမည်ဟု ထားဝယ်စည်ပင်သာ ယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

NLD ပါတီမှ အမှိုက်ကောက်ရာ တွင် စည်ပင်မှ လူအင်အား၊အမှိုက် ကားနှင့် ယာဉ်ယန္တရားများပါ ကူညီပေး သွားမည်ဟု ထားဝယ်မြို့နယ်စည်ပင်မှ အမှုဆောင်အရာရှိက ပြောသည်။

” သန့်ရှင်းရေးလုပ်ငန်းမှာ ပြည်သူ တွေ ပူးပေါင်းပါဝင်လာတာ ဝမ်းသာ စရာပါ” ဟု ၎င်းက ပြောသည်။
စည်ပင်သာယာ နယ်နိမိတ် အပြင် ဖက် ကျေးရွာများတွင်မူ လိုအပ် ချက်ရှိမှ သာ ပူးပါင်းပါဝင် ကူညီဆောင် ရွက်နိုင် မည်ဖြစ်ကြာင်း ၎င်းက ဆက် ပြောသည်။ ထားဝယ်မြို့အတွင်း အမှိုက်ပုံး ၈၀ကျော် ချပေးထားပြီး စည်ပင်သာယာ ရေးအဖွဲ့ တွင် ယာဉ်ယန္တရားအချို့နှင့် အမှိုက်သိမ်း ယာဉ် ၄စီး၊ ဝန်ထမ်း အင်အား ၉၂ဦးရှိ ကြောင်း ထားဝယ်မြို့ စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။