ကင်းမွန်ဈေး ပြန်ဦးမော့

0
547

မြိတ်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပရက်ဖြစ်သည့် နိုဝင်ဘာ ၈ ရက် မှစပြီး ရာသီဥတု အခြေအနေကြောင့် ကင်းမွန်ဈေးနှုန်းများ ကျဆင်းမှုများ ရှိနေ ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ဈေးနှုန်းများ ပြန်လည် ဦးမော့လာ နေပြီ ဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန် လှေလုပ် ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးထွန်းထံမှ သိရသည်။

ကင်းမွန်လှေများ တစ်ပြိုင်တည်း ကမ်းကပ်ပြီး မိုးရွာသည့် ရက်များနှင့် တိုက်ဆိုင်သွားသည့် နိုဝင်ဘာ ၈ ရက် ဝန်းကျင်ရက်များတွင် ကင်းမွန် အရွယ်စုံ တစ်ဗန်းလျှင် ကျပ် ၅၀၀၀ အထိ ဈေးကျ ခဲ့ကြောင်း ဦးထွန်းက ပြောသည်။
kin_mon_market_myeik
ယင်းကဲ့သို့ ဈေးနှုန်းကျဆင်း ခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းမှစပြီး ဈေးနှုန်းများ ပြန်လည်ဦးမော့လာကာ လက်ရှိတွင် ကင်းမွန်တစ်ဗန်းကို ၃၇၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ဆက်လက် မြင့်တက်မည့် အနေအထားရှိနေကြောင်း ကင်းမွန်အရောင်းအဝယ် လုပ်ကိုင်နေသူ အချို့က သုံးသပ်သည်။
ကင်းမွန်ငါးဖမ်း ကာလအစ ဖြစ် သည့် အောက်တိုဘာလတွင် ပေါက်ဈေး ကင်းမွန် ဆိုဒ် နံပါတ် ၁၊ ၂၊ ၃ အမျိုး စားဝင် တစ်ဗန်းကို ၄၃၀၀၀ ကျပ်နှုန်း၊ နံပါတ် ၄ ဆိုဒ် ၃၃၀၀၀ ကျပ်နှင့် နံပါတ် ၅ ဆိုဒ် ၂၃၀၀၀ ကျပ် အထိ ဈေးရှိနေပြီး လက်ရှိတွင် နံပါတ် ၁၊ ၂၊ ၃ ကို ကျပ် ၃၇၀၀၀ ၊ နံပါတ် ၄ ကို ကျပ် ၂၇၀၀၀ နှင့် နံပါတ် ၅ ကို ကျပ် ၁၃၀၀၀နှုန်း ရှိနေ ကြောင်း ကင်း မွန်ဈေးကွက်မှ သိရသည်။

မြိတ်ပင်လယ်ပြင်မှ ထွက်ရှိသည့် ကင်းမွန်များကို ကင်းမွန်အပြုတ်ခြောက် စက်ရုံများသို့ ပြန်လည်ရောင်းချလေ့ ရှိကြပြီး ကင်းမွန် အကြီးအငယ်အလိုက် ဆိုဒ် သုံးဆိုဒ် ခွဲပြီး အရောင်း အဝယ်ပြု လုပ်ကြကြောင်း ကင်းမွန်လုပ်ငန်းအသိုင်း အဝိုင်းမှ သိရသည်။
ကင်းမွန်များကို ကုမ္ပဏီအချို့မှ ပြုပြင်အေးခဲကာ နိုင်ငံခြားဈေးကွက်သို့ တင်ပို့ကြပြီး အပြုတ်ခြောက်စက်ရုံများက အပြုတ်ခြောက်ပြုလုပ်၍ တရုတ် နိုင်ငံသို့ အဓိက တင်ပို့ရောင်းချ နေကြကြောင်း ကင်းမွန်အဝယ် ဒိုင်အချို့ထံမှ သိရသည်။