ထားဝယ်တွင် လိုင်စင်မဲ့ အရက်ဆိုင်များကို အရှိန်မြှင့် ဖမ်းဆီးသွားမည်

0
562

ထားဝယ်မြို့တွင် လိုင်စင်မဲ့ အရက် ဆိုင်များကို ယခုနိုဝင်ဘာလမှစပြီး အရှိန် မြှင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထားဝယ် မြို့မရဲစခန်းမှ သိရသည်။
ယခင်ကကဲ့သို့ အမှုလိုအပ်ချက် ပြည့်မီအောင် အလှည့်ကျ ဖမ်းဆီးနေခြင်း မျိုး မဟုတ်တော့ပဲ ပြတ်ပြတ်သားသား ဖမ်းဆီး အရေးယူသွားတော့မည်ဟု မြို့မ ရဲစခန်းမှူးက ဆိုသည်။

” အခုချိန်ကစပြီး ထိထိရောက် ရောက် အရေးယူသွားမှာ ဖြစ်တယ်” ဟု စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။
အအေးဆိုင်၊ စတိုးဆိုင်များတွင် အရက်ဘီယာ ရောင်းချနေမှုများကိုလည်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကာ ထား ဝယ်၌ ရဲတပ်ဖွဲ့ ဝန်ထမ်းဖွဲ့စည်းပုံ မပြည့် မီသည့်အတွက် အခြားတာဝန်များ မရှိတဲ့ အချိန်တွင် အင်အားကို ထုတ်နှုတ်ပြီး ကြိုးစားဖမ်းနေရကြောင်း ယင်းက ဆက်ပြောသည်။့

နိုဝင်ဘာလ ၁၅ ရက်က ထားဝယ် မြို့တွင် လိုင်စင်မဲ့ အရက်ဆိုင် ၁၀ ဆိုင်ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ အနေဖြင့် အင်အားနည်းနည်းနှင့် သွား ရောက် ဖမ်းဆီးရာတွင် ပြန်ခုခံပြီး မလို လားအပ်သည့် ပြဿနာများ မဖြစ်လာ စေရေးအတွက် အင်အားကို ပြန်စုစည်း ပြီး ဖမ်းဆီးနေရကြောင်း သိရသည်။
အရက်ဆိုင် ရောင်းချသူများ အနေ ဖြင့် ယစ်မျိုးလိုင်စင် ၄၁ မျိုးရှိသည့် အနက် အရက်ဖြူအား စားသောက်ဆိုင် အတွင်း ရောင်းချသောက် သုံးခွင့်လိုင်စင် (CS-2A)အား တစ်သိန်းကျပ်မှ စ၍ မိမိရောင်းချမည့် အရက်အမျိုးအမည်ပေါ် မူတည်ကာ ငွေကျပ် သိန်းဆယ်ဂဏန်း အထိ ပြုလုပ်ရကြောင်း သိရသည်။
အရက်ရောင်းချခွင့်လိုင်စင် ၃ မျိုး ခန့်ပြုလုပ်ပါက အရက်ကို ဈေးတင် ရောင်းချမည်ဖြစ်သဖြင့် ဈေးကွက်အရ မိမိဆိုင်တွင် သောက်သုံးသူရှိတော့မည် မဟုတ်ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်မှ အရက်ရောင်းချသူတစ်ဦးက ဆိုသည်။

” တစ်နှစ်ကို တစ်ဆယ့်ငါးသိန်း လောက် အကုန်ကျခံပြီး လိုင်စင် လုပ်ရ မယ်ဆိုရင် မရောင်းတော့ဘဲ ဆိုင်ပိတ် လိုက်တာ ကောင်းမယ်” ဟု ၎င်းက ဆို သည်။
အရက်ဆိုင်ဖွင့်ကာ လက်လီ ရောင်းချ နေသည့် ဆိုင်ရှင်များသည် သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်များအပြင် စည်ပင်အခွန် နှင့် အမြတ်ခွန်များကိုလည်း တစ်နှစ် တစ်ကြိမ် ပေးဆောင်နေရကြောင်း သိရ သည်။

အဆိုပါ ယစ်မျိုးလိုင်စင်များကို လိုင်စင် သက်တမ်း ၁ နှစ်ပေးထားပြီး သက်ဆိုင်ရာ ဘဏ္ဍာ ရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် လိုင်စင် အသစ် လဲလှယ်ပေး လျက်ရှိပြီး လိုင်စင်အသစ် ချထားပေး ခြင်း မရှိတော့ကြောင်း မြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ စုံစမ်းသိ ရှိရသည်။ ယစ်မျိုး လိုင်စင်မရှိဘဲ အရက်ဆိုင် ရောင်းချ နေ သူများကို ယစ်မျိုး ၃၀ ဥပဒေအရ အနိမ့် ဆုံး ဒဏ်ကြေးငွေ ကျပ်တစ်ထောင်မှ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်လ အထိ ချမှတ်နိုင်ကြောင်း သိရသည်။