သာဂရမြို့ဟောင်းကို ပြန်လည်တွေးကြည့်ခြင်း (၃)

0
604

ရှေးဟောင်းသုတေသနပညာမှာ Dating ဆိုတဲ့ ကာလသတ်မှတ်ခြင်းဟာ အခြေခံကျတဲ့ လုပ်ငန်းဖြစ်တယ်။ ဒီလို ကာလ သတ်မှတ်နိုင်မှလည်း အခြား ဒေသဆိုင်ရာ၊ နိုင်ငံဆိုင်ရာရှေးယဉ်ကျေး မှုတွေနဲ့ နှိုင်းယှဉ်နိုင်မယ်။

ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်မှု အဆင့် တွေကို သတ်မှတ်နိုင်မယ်။ ပြီးတော့ သမိုင်းဆိုင်ရာသီအိုရီတွေ ဖော်ထုတ်နိုင် မယ်။ ဒါပေမယ့် ကာလသတ်မှတ်နိုင်ဖို့ ကလည်း အလွန်ရှုပ်ထွေးပြီး အချိန်ရယ်၊ ငွေရယ်၊ ပညာရပ်ရယ် အများကြီး ရင်းနှီး ရတဲ့ အခြေအနေဖြစ်တယ်။

ထားဝယ်အပါအဝင် တနင်္သာရီတိုင်း ဒေသကြီးတစ်လုံးမှာ ရှေးဟောင်းသုတေ သနဌာနဆိုတာ ၂၀၁၂ ခုနှစ်မှ သာဂရမြို့ ဟောင်းထိန်းသိမ်းရေးရုံး ဖွင့်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သာဂရနဲ့ တနင်္သာရီမြို့ဟောင်းတွေကို ရက်အနည်း ငယ်စီအစမ်းသဘော တူးဖော်လေ့လာခဲ့ တယ်။ တူးဖော်ရေးလုပ်ငန်းဆိုတာ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်က ရှေးဟောင်းသုတေသနဌာနကပဲ တူးဖော် ခွင့်ရှိတယ်။ အစိုးရရဲ့မူဝါဒကို အကောင် အထည်ဖော် ရုံကလွဲပြီး ပညာရှင်လည်း နည်းတယ်။ ဘတ်ဂျက်ကလည်း မရှိဘူး။ ထိုင်းမှာဆိုရင် သက်ဆိုင်ရာ တက္ကသိုလ် ကြီးတွေနဲ့ ဒေသဆိုင်ရာ တက္ကသိုလ် တွေက တာဝန်ယူပြီး တူးကြ၊ ဖော်ထုတ် ကြနဲ့ အင်မတန်ကောင်းတယ်။ နိုင်ငံခြား သားပညာရှင်ဆိုရင်လည်း ဖိတ်တာက တစ်မျိုး၊ လေ့လာချင်ရင် ပူးပေါင်းဆောင် ရွက်တာကတစ်မျိုးနဲ့ အတော်ကို ရှေ့ ရောက်နေပါပြီ။
waydi_old_city
တနင်္သာရီတိုင်းဒေသကြီးရှိ မြို့ဟောင်း တွေကို Dအေငညါ ကာလ သတ်မှတ်တဲ့အခါ အင်မတန်ခက်ခဲ့တယ်။ စနစ်ကျတဲ့တူး ဖော်မှုတွေကလည်း မလုပ်နိုင်၊ ငွေကြေး ကလည်းမရှိ၊ ပညာရှင်ကလည်းမရှိ၊ အဆင့်မြင့်နည်းပညာ ကလည်းမသုံးနိုင်၊ ဒါပေမယ့် ရသမျှ ဒေသမှတ်တမ်းတွေ သုံးတယ်။ ကွင်းဆင်း တယ်။ တိုင်းတယ်၊ မြေပုံပြန်ဆွဲတယ်။ တွေ့သမျှအထောက် အထားတွေကို အခြေခံတယ်။ ပြီးတော့ သုံးသပ်တယ်၊ ခန့်မှန်းတယ်။
သာဂရမြို့ဟောင်းကို ခရစ် ရ၅၁ ခု ဆိုလို့ ၈ရာစု ဗီဆိုတာ ယာယီသတ် မှတ်တယ်။ ကျွန်တော်အနေနဲ့ ရှေ့တိုး ချင်တယ်။ ဒီတော့သက်သေ အထောက် အထားလိုက်ရှာရတယ်။ ပျူနဲ့နွယ်တဲ့ သက်သေတွေ တွေ့တယ်။ ဒွါရ၀တီနဲ့ နွယ်တဲ့သက်သေတွေရှိတယ်။ တရုတ် မှတ်တမ်းတွေရှိတယ်။ မြောက်ဘက်က သံလွင်မြစ်ဝနဲ့ စစ်တောင်းမြစ်ဒေသ ယဉ်ကျေးမှုတွေရယ်၊ အရှေ့ဘက်ထိုင်း အလယ်ပိုင်းယဉ်ကျေးမှုတွေရယ်၊ တောင် ဘက် ထိုင်းနဲ့မလေးရှိ ယဉ်ကျေးမှု တွေရယ် အားလုံးပေါင်းပြီး သုံးသပ်ရင် သာဂရမြို့ဟောင်းက အနည်းဆုံးခရစ် ၅ ရာစု ဗီလောက်ထိ တိုးနိုင်တယ်။ ဒီထက်ပိုနိုင်သေးပေမယ့် ထပ်လုပ်ရမယ့် အလုပ်တွေအများကြီး ရှိပါသေးတယ်။

ဆရာကြီးတစ်ဦးက ဆုံးမတယ်။ ရှေကိုတိုးချင်ရင် နောက်လုံအောင် လုပ် ရတယ်။ ဒါကြောင့် သာဂရပြီးတော့ ဘယ်မြို့တွေလည်း ပြန်စဉ်းစားတယ်။ ဆရာကြီးမောင်လေးတင့်ရဲ့ တနင်္သာရီ တိုင်းအတွင်းရှိ ရှေးမြို့ဟောင်းများ (တနင်္သာရီအပတ်စဉ်၊ အတွဲ၁၊အမှတ်၃၇)အရ သာဂရမြို့ကို သက္ကရာဇ် ၁၂၃ခု (အေဒီ၇၆၁ခု) လို့ ဆိုတယ်။ အခြား မှတ် တမ်းတွေမှာ သက္ကရာဇ် ၁၁၃ခု ( အေဒီ ၇၅၁ခု) လို့ ဖော်ပြတယ်။ ဒီမြို့ကို တည် ထောင်သူက သမန္တရာဇာမင်း ဖြစ်တယ်။ ဒီမင်းနောက်မှာ ထားဝယ်သားတွေသိတဲ့ မောင်ဇံ ( သဗ္ဗာန်မင်း) နန်းတက်တယ်။ ဒီမင်းနောက်မှာ ဗညားပါတဲ့ (မြို့ဝန် မြို့စား)မင်း ၈ ယောက်နှစ်ပေါင်း ၁၀၀ လောက်အုပ်ချုပ် စိုးခဲ့တယ်။

သက္ကရာဇ် ၂၇၆ခု ( အေဒီ ၉၄၁ခု)မှာ အယုဒ္ဓယတိုင်း ဒွါရ၀တီပြည်မှ ရှမ်း (ယိုးဒယား)အမတ်ကြီး ဩရာဂဠုံသည် ကလိန်အောင်နှင့် သာဂရတိုက်ဖျက်ပြီး ညောင်ခရားမြို့ ကိုတည်သည်လို့တွေ့ရ သည်။ ဆရာကြီးထားဝယ် ကျော်မင်း (ထားဝယ်ယဉ်ကျေးမှုအမြုတေ)ကလည်း ကောဇာသက္ကရာဇ် ၂၇၆ခု (အေဒီ ၉၄၁)တွင်ဒွါရ၀တီမှ ရှမ်းအမတ်ကြီး ဩရာ ဂဠုန်သည် သာဂရမြို့ကို လာရောက် တိုက်ဖျက်ပြီးယခုထားဝယ်မြို့မှ မြောက် ဘက်၃မိုင်ခန့်အကွာ ထားဝယ်မြစ်အရှေ့ ဘက်နေရာတွင် ညောင်ခရားမြို့ကို တည်ထောင်သည်။ ဤညောင်ခရားမြို့ကို ယခုအခါ ဆင်ဆိပ်ရွာဟု ခေါ်လေသည် ဟုဆိုတယ်။ ကောင်းကင်ဓာတ်ပုံ လေ့လာ ချက်အရ ညောင်ခရားမြို့ဟောင်းနဲ့ဆက် စပ်ပြီး မဟာသုခနာဂရံဆိုတဲ့မြို့ ဆိုပြီး လည်း တွေ့ရတယ်။ ဆင်ဆိပ် (၁)နဲ့(၂)ဆိုပြီးဖော်ပြတယ်။ ဒီအချက်ဟာ အရမ်း စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက် ဖြစ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင်ဆိပ် မြို့ဟောင်းရဲ့ တောင်ဘက်(၉)မိုင် အကွာ မှာ ကောင်းကင်ဓာတ်ပုံလေ့လာ ချက်အရ မုတ္တီး(၁)နဲ့(၂)ဆိုတဲ့ မြို့ဟောင်းကို ဖော်ပြထားတယ်။

အထက်ဖော်ပြပါ မဟာသုခံနာဂရံ မြို့ကို ကောဇာသက္ကရာဇ် ၅၁၇ ခု (အေဒီ ၁၁၅၅ခု) ပုဂံပြည်ရှင်အလောင်း စည်သူဘုရင် ဤထားဝယ်ဒေသ ရောက် သောအခါ ယခုလေယာဉ်ကွင်း ပြုလုပ် ထားသောနေရာတွင် သုခနာဂရံ ဟူသော မြို့ကို တည်ထားခဲ့ဖူးလေသည်လို့ ဆရာ ကြီး ထားဝယ်ကျော်မင်းက ဆိုတယ်။ ဝမ်းနည်းစရာ အကောင်းဆုံးကတော့ ကောင်းကင်ဓာတ်ပုံ လေ့လာချက်အရ ဖော်ပြခဲ့တဲ့ ဆင်ဆိပ်(၁)နဲ့(၂)၊ ထားဝယ် မှတ်တမ်းတွေအရ ညောင်ခရား မြို့ဟောင်း နဲ့ သုခနာဂရံ( မဟာ သုခနာဂရံ) ဆိုတဲ့ မြို့ဟောင်းကြီးဟာ အကြောင်းအမျိုးမျိုး ကြောင့် ပျောက်ဆုံးခဲ့ပြီ ဖြစ်တယ်။ လေ့လာနိုင်စရာ၊ ပြစရာမရှိတော့ပါဘူး။

ပထမအကြိမ် သာဂရမြို့ကို ကော ဇာက္ကရာဇ် ၁၁၃ခု ( ခရစ်၇၅၁ခု)တည်ပြီး ကောဇာသက္ကရာဇ် ၂၇၆ခု ( အေဒီ ၉၄၁ခု)မှာ ပျက်တယ်။ ဒီလို ပျက်ရတာကလည်း ထိုင်းအလယ်ပိုင်းက ဒွါရ၀တီကဖျက်လို့ ဖြစ်တယ်။ တရုတ်မှတ်တမ်းတွေကလည်း ဒီလိုအဖြစ်အပျက်တွေရှိကြောင်း ဖော်ပြ တယ်။ ခုနှစ်တွေ၊ လူနံမည်တွေခဏ ဘေးဖယ်ထားပြီး စဉ်းစားရင်ဒီဖြစ်ရပ်က မှန်ဖို့များတယ်။

နိုင်ငံခြားသား ပညာရှင်တစ်ဦးက ဆိုတယ်။ ဒီနေ့ထားဝယ်အပါအဝင် ထင် ရှားတဲ့မြို့ဟောင်း(၅)ခုရှိတယ်။ ဆင်ဆိပ် မြို့ဟောင်း၊ မုတ္တီးမြို့ဟောင်း၊ ထားဝယ် မြို့ဟောင်း(၃)ခုက ထားဝယ်မြစ်အရှေ့ ဘက်ကမ်းမှာ ရှိတယ်။ သာဂရ မြို့ဟောင်း နဲ့ ဝေဒီမြို့ဟောင်းတွေက ထားဝယ်မြစ် အနောက်ဘက်ကမ်းမှာ ရှိတယ်။ ထားဝယ် မြစ်ကြီးကို အရံ အတားသဘောထားပြီး ရန်သူလာနိုင်တဲ့ဘက်ကို မြစ်ထားပြီး မြို့တည်ခဲ့ရင် ဒီမြို့တွေကိုဘယ်သူတည်လဲ တွေးနိုင်တယ်။
မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ သာဂရမြို့ကို တိုက်ဖျက်ပြီး ဒွါရ၀တီ အမတ်ကြီးက ညောင်ခရားမြို့ကို မြစ် အရှေ့ဘက်ကမ်းမှာ တည်ခဲ့တယ်။ အခိုင် မာဆုံးပြောနိုင်တဲ့ သက်သေက မင်းနှဲ လှတည်တဲ့ ထားဝယ် (သာယာ ၀တီမြို့)ပါ။ ထားဝယ်မြစ်အနောက်ဘက်ကမ်းမှာ ရှိတဲ့ သာဂရမြို့ကနေ ဟံသာဝတီက လာတိုက်လို့ မြစ်အရှေ့ဘက် ကမ်းမှာ သာယာဝတီမြို့ကို ကောဇာ သက္ကရာဇ် ၁၁၁၆ (ခရစ် ၁၇၅၄ ခု)မှာတည်ခဲ့တယ်။ ဒီလိုဘဲ ညောင်ခရားမြို့ကို ကောဇာ သက္ကရာဇ် ၃၅၇ ခု ( ခရစ f၉၉၅ ခု)မှာ ဟံသာဝတီက ဗညားဦးက တိုက်ဖျက်ပြီး သာဂရမှာ ဒုတိယအကြိမ် မြို့တည် တယ်။ ဝေဒီမြို့ဟောင်းမှာလည်း ရှမ်း (ယိုးဒယား)နဲ့ ဇာတ်လမ်း တွေ ရှိတယ်။

ဒီအဆိုအရဆိုရင် သာဂရမြို့ ကိုတည်တဲ့ လူတွေမှာ အရှေ့ဘက်က ရန်သူရှိတယ်လို့ တွေးနိုင်တယ်။ ဒီမြို့ သား တွေရဲ့မိတ်ဆွေတွေ၊ ဆွေမျိုးတွေက မြောက်ဘက်က ဖြစ်ဖို့များတယ်။ သာဂရ မြို့တည်ရှိတဲ့ ထားဝယ်ကျွန်းဆွယ်တော့ အနောက်ဘက်ပင်လယ်ပြင်နဲ့ အရှေ့ ဘက်မှာ ထားဝယ်မြစ် ကာထားတယ်။ တောင်ဘက်မှာ ပင်လယ်ရှိပြီး၊ မြောက် ဘက်ဆက်စပ် ကုန်းမြေ ရှိပေမယ့် ပေ ၃၀၀၀ ကျော် တောင်တန်းရှိတယ်။
အစောဆုံး စာပေမှတ်တမ်းဖြစ်တဲ့ ဓမ္မရာဇိကကျောက်စာ (ခရစ် ၁၁၉၆ ခု ထိုး)အရ ပုဂံရဲ့ပိုင်နက်က တောင်ဘက် မှာ ထားဝယ်၊ တနင်္သာရီသာမက ထိုင်း တောင်ပိုင်း တကွာပါအထိဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်အတွက် အခက် အခဲဖြစ်လေ့ရှိတာက ကျောက်စာတွေ၊ မှတ်တမ်းတွေမှာအများအားဖြင့် ထား ဝယ် (အခြားရေးထုံးများ လည်းရှိပါသေး တယ်) လို့ဘဲဖော်ပြလေ့ရှိပြီး ထားဝယ် မှတ်တမ်းများကြတော့ သာဂရ၊ မုတ္တီး၊ ညောင်ခရား၊ဝေဒီ ဆိုတာမျိုးတွေဖြစ်နေ တယ်။ ဒါကြောင့် ထားဝယ်လို့ အခြား မှတ်တမ်းတွေက ဖော်ပြထားရင် ထားဝယ် မှတ်တမ်းအရ ဘယ်မြို့လဲဆိုတာ အရင် စဉ်းစားရတယ်။
ပုဂံကျောက်စာအရ ထားဝယ်ဆိုရင် ဘယ်မြို့ဖြစ်မလဲ။ ဓမ္မရာဇိက ကျောက်စာ က ခရစ် ၁၁၉၆ ခုဖြစ်လို့ ကောဇာ သက္ကရာဇ် ၅၅၈ ခု ဖြစ်တယ်။ ထားဝယ် မှတ်တမ်းတွေအရ ကောဇာသက္ကရာဇ် ၅၁၇ မှာ ပုဂံက အလောင်းစည်သူမင်းက သုခနာဂရံမြို့ကို တည်တယ်။ ဒီမြို့ရဲ့ မင်းဆက်တွေမတွေ့ရသလို ပျက်စီးတာ လည်း မတွေ့ရဘူး။ ခေတ်ကာလနီးလို့ သုခနာဂရံလို့ဆိုတဲ့ ပုဂံဘုရင်တစ်ပါး တည်တဲ့မြို့ကို နောက်ပုဂံဘုရင်တစ်ပါးက မြို့နာမည်မရေးဘဲ ထားဝယ်လို့ကျောက် စာထိုးတာ စဉ်းစားစရာပါ။

၁၂ ရာစုထိုး ပုဂံကျောက်စာအရ ထားဝယ်ကို ဖော်ပြထားလို့ အနည်း ဆုံးနှစ် ၂၀၀ ရှေ့တိုးနိုင်တယ်။ အနော် ရထာ မင်းနာမည်ပါတဲ့ အုတ်ခွက်ဘုရားကို ၂၀၁၂ ခုနှစ်က ရှင်မော်မှာရတယ်။ ကျန်စစ်သားလက်ထက် ထားဝယ်မြို့စား တွေရဲ့ အုတ်ခွက်ဘုရားတွေ မုတ္တီးမှာရ တယ်။ နောက်နှစ် (၂၀၀)တိုးကြည့်ရင် ပျူခေတ်ထဲရောက်တယ်။ ရှေး မှတ်တမ်း တွေအရ တနင်္သာရီပျူ၊ မြို့တော် ထားဝယ် ဆိုတာ ပျူ ၁၂ ပြည်ထောင်မှာ တစ်ခုဖြစ် တယ်။
ရခိုင်မှာရှိတဲ့ ဓည၀တီနဲ့လည်း အပြိုင်လို့ဆိုတယ်။ ဒီမြန်မာမှတ်တမ်းတွေ အရအနည်းဆုံးခရစ်မပေါ်မှီ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်)ကတည်းက ထားဝယ်ရှိခဲ့တယ်လို့ ဆိုတယ်။ သာဂရ ထက်စောတဲ့ အောင်သာဝတီ၊ ကနက် သီရိ၊ အောင်သာဝရနဲ့ ဘုမ္မိဒေ၀နာဂရ ဆိုတဲ့ မြို့တွေရှိပေမယ့် ထားဝယ်မြစ်ဝှမ်း တစ်လျောက် ခရစ်(၅) ရာစုလောက်မှာ အင်အားကြီးမားတဲ့ အုပ်ချုပ်ရေး အင်အားစု တစ်ရပ်ရှိနေပြီ ဆိုတာ ယုံကြည်မိတယ်။ ဆရာမစ်ကီ ဟတ်ရဲ့အဆိုအရ မလေး ကျွန်းဆွယ် အရှေ့ဘက်ကမ်းမှာ ဗုဒ္ဓဘာ သာကို ဦးဆုံးရောက်ရှိပြီး မလေးကျွန်းဆွယ်အနောက်ခြမ်း(ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ အရှေ့ဖျားနိုင်ငံ တွေ) ရောက်ရှိခဲ့တယ်။ ဒီမလေးကျွန်း ဆွယ်အနောက်ဘက်ကမ်းရှိ တိုင်းပြည်ကို Sri Sagara Nagara City လို့ ဆရာရဲ့ စာတမ်းမှာဖော်ပြထားတယ်။ ဗမာလိုရေး ရရင် သီရိသာဂရနာဂရမြို့တော်ဖြစ်တယ်။

ခင်ဗျား.. ထားဝယ်တွေပေါ့ဗျာလို့ ဆရာက ပြုံးပြုံးကြီးပြောပါတယ်။ အာစီ ယံယဉ်ကျေးမှုစာတမ်းဖတ်ပွဲမှာ မြန်မာ ပြည်က ဆရာမစ်ကီဟတ်နဲ့ဆရာကြီးဦး စံဝင်းကို ဖိတ်ပါတယ်။ ဒီစာတမ်း ဖတ်ပွဲ မှာ ဆရာမစ်ကီဟတ်ကGateway of Gautama Buddhism to Southeast Asia Peninsula ခေါင်းစဉ်နဲ့ဖတ်တယ်။ ဒီစာတမ်းမှာ အထက်ပါအတိုင်း ဖော်ပြ ထားတယ်။

သာဂရမြို့ဟောင်းကို သက်တမ်း သတ်မှတ်တဲ့အခါ အများထင်တဲ့ ၈ ရာစု အဒီဆိုတာထက် ရှေးကျတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။