ကန့်ကွက်ခံထားရသော ကြက်မောက်ကျွန်းပေါ်သို့ သွားရောက်စစ်ဆေး

0
518

မြန်မာပြည်တောင်စွန်း ကော့သောင်း မြို့နယ်၊ ကြက်မောက်ကျွန်းပေါ်ရှိ အသည်းပုံရေအိုင်၏ ကျွန်းဝင်ပေါက်ကို ကျွန်းပေါ်တွင် ငှက်သိုက်စုဆောင်းခွင့်ရသည့်ကုမ္ပဏီမှ မျောတိုင်များဖြင့်ပိတ်ဆို့ တားဆီးထားသည့်အပေါ် ကော့သောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် မြို့နယ်အဆင့်စုံစမ်းစစ် ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။

အသည်းပုံရေအိုင်ရှိသည့် ကြက် မောက်ကျွန်းပေါ်တွင် ဇီဝဇိုးငှက်များအသိုက်ချလေ့ရှိပြီး လာရောက်လည်ပတ်သောခရီးသည်များကြောင့် ငှက်များအနှောင့်အယှက်ဖြစ်နိုင်သည်ဟု ဆိုကာ ပတ္တမြားရောင်ခြည် ငှက်သိုက်လုပ်ငန်း ကုမ္ပဏီက ကျွန်းဝင်ပေါက်ကို သက်ဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီး ဌာနထံ အသိပေးခြင်းမရှိဘဲ ပိတ်ဆို့ခဲ့ ခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
kt_heart_shape_island
ကျွန်းဝင်ပေါက်နှင့် ငှက်သိုက်ထွက် သည့် အနီးဆုံးနေရာမှာ ပေ၂၀၀ခန့် ကွာ ပြီး ကျောက်ဆောင်များအပေါ်တွင် ငှက် သိုက်တည်ရှိသည်ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကော့သောင်း မြို့နယ်ဟိုတယ်နှင့် ခရီးသွားဦးစီးဌာန ဒုညွှန်မှူး ဦးလွမ်းမိုးက ဆိုသည်။
” ခရီးသွားဧည့်သည်တွေကကျွန်း ပေါ်မတက်ဘူး။ ရေအောက်က အလှအပ တွေကိုပဲ ရေငုပ်ကြည့်တာ။ ငှက်သိုက် စုဆောင်းတဲ့လုပ်ငန်းကို ထိခိုက်မူ မရှိဘူး” ဟု၎င်းကဆိုသည်။

ကြက်မောက်ကျွန်းသည် ကန့်သတ် နယ်မြေအဖြစ် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် ကျွန်းမဟုတ်သည့်အတွက် နေ့ချင်းပြန် ခရီးသွားလာခွင့်ပြုထားသည့် ကျွန်းများတွင် ပါဝင်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ကော့ သောင်းခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ ဒုဦးစီး မှူး၊ ဦးစီးမှူးနှင့်အတူ သစ်တောဦးစီးဌာန၊ မြို့နယ်အဆင့်ရှိ ထွေအုပ်တစ်ဦ ငါးလုပ် ငန်းဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလုပ် ငန်းဦးစီးဌာန၊ လယ်ယာမြေနှင့်စာရင်း အင်းဌာန၊ ဥပဒေအရာရှိတို့ အပါအဝင် ပတ္တမြားရောင်ခြည် ငှက်သိုက်စုသိမ်းခွင့် ရ ကုမ္ပဏီမန်နေဂျာနှင့် ကျွန်းတာဝန်ခံ နှစ်ဦးလည်းပါဝင်သည်။ စုံစမ်းစစ်ဆေး ရေးအဖွဲ့၏မြေပြင် စစ်ဆေးတွေ့ရှိချက် များကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနထံ တင်ပြထားသည်ဟု ခရိုင်အုပ်ချုပ် ရေးအဖွဲ့ထံမှ သိရသည်။