အသိပေးချိန်ကပ်၍ ဒိုးပတ် ပြိုင်ပွဲဝင် အဖွဲ့နည်းဟုဆို

0
455

ဒိုးပတ်ပြိုင်ပွဲပြုလုပ်ရန် ရက်ပိုင်း လိုသည့်အချိန်မှ ဒိုးပတ်အဖွဲ့များကို အသိပေးခဲ့ရခြင်းကြောင့် ယခုနှစ် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်တွင် ထည့်သွင်းကျင်းပသည့် ဒိုးပတ်ပြိုင်ပွဲတွင် ဒိုးပတ်အဖွဲ့ ၃ ဖွဲ့သာဝင်ရောက်ယှဉ် ပြိုင်နိုင်ခဲ့ကြောင်း ဒိုင်းအဖွဲ့ထံမှ သိရ သည်။


အောက်တိုဘာလ ၂၇ရက်နေ့တွင် ဒိုးပတ်ပြိုင်ပွဲဝင်ရမည်ကို အောက်တိုဘာ လ ၂၃ရက်နေ့မှ ဒိုးပတ် အဖွဲ့များကို အသိပေးခဲ့ရသည်ဟု ဒိုင်အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးအောင်မြင့်က ပြောသည်။
ယင်းသို့ ရက်ကပ်မှ သိရသဖြင့် ဒိုးပတ်အဖွဲ့များက သံချပ်ကို မပြိုင် နိုင်ကြဘဲ ထားဝယ်ရိုးရာတေးသီချင်းနှင့် သပိတ်မျှောပွဲတော်အကြောင်း စပ်ဆို ထားသော တေးသီချင်းများဖြင့်သာ ပြိုင်ပွဲဝင်ခဲ့ကြကြောင်း သိရသည်။
” ဒိုးပတ်ပြိုင်ပွဲ ပြုလုပ်မယ်ဆိုရင် အနည်းဆုံး ၁၅ရက် ကြိုတင် အသိပေးဖို့ လိုတယ်” ဟု ဦးအောင်မြင့်က ဆိုသည်။
ပြိုင်ပွဲပြုလုပ်ရန် အနီးကပ်မှ ဆုံး ဖြတ်ချက်ချခဲ့သည့်အတွင် ယင်းသို့ ရက် ကပ်သွားခြင်းဖြစ်ကြောင်း ကြက်စားပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။
ဒိုးပတ်ပြိုင်ပွဲကို  ကြက်စားပြင် ရပ်ကွက်မှ အားသစ် လူငယ်ဒိုးပတ်အဖွဲ့၊ ရွှေဒိုးမောင်မောင်ဒိုးပတ်အဖွဲ့နှင့် ပိန္နဲ တောရပ်ကွက် နတ်မင်းကြီးလေးပါး ကိုယ်စားပြု ဓမ္မသင်္ဂါဟလူငယ်ဒိုးပတ် အဖွဲ့တို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်ဟု သိရသည်။
၂၀၁၃ခုနှစ်က ထားဝယ်ရိုးရာ ယဉ်ကျေးမှု သပိတ်မျှောပွဲတော်တွင် ဒိုးပတ်ပြိုင်ပွဲကို ပြုလုပ်ရာ ဒိုးပတ်အဖွဲ့ ၄ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့သည့် နှစ်က ဘဏ္ဍာရေးအခက်အခဲကြောင့် ဒိုး ပတ်ပြိုင်ပွဲကို မကျင်းပနိုင်ခဲ့ပေ။
ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် ဒိုးပတ်အဖွဲ့ ၁၀ ဖွဲ့ကျော် ရှိသည်။