ရွှေဇင်ယော် ရပ်ကွက်တွင် အိမ်တစ်လုံး မီးလောင်

0
539

ကော့သောင်းမြို့ ရွှေဇင်ယော် ရပ်ကွက် ပျဉ်းမလမ်း၊ ဦးကောင်း လှေဒေါင့်ဝင်း အနီးတွင် အောက်တို ဘာလ ၂၄ ရက် ညနေက နေအိမ်တစ်လုံး မီးလောင်ကျွမ်း ခဲ့ကြောင်း အိမ်ပိုင်ရှင်ထံမှ သိရသည်။

အိမ်တွင် လူမရှိသည့်အချိန်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်မီး ပလတ်ခုံမှ လောင်ကျွမ်းသည်ဟု ယူဆ ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
“လင်မယားနှစ်ယောက် အိမ်နားက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် သောက်နေတုန်း အိမ်နားက အသိတစ် ယောက်က နင်တို့အိမ်မှာ မီးလောင်နေ တယ် လာပြောမှသိတာပါ” ဟု အိမ်ရှင် ဦးစံလင်းက ပြောသည်။

မိနစ် ၃၀ အတွင်း မီးငြိမ်းသတ် နိုင်ခဲ့ပြီး မီးလောင်ကျွမ်းသည့် အိမ်မှာ ပေ ၂၀ ပတ်လည် သွပ်မိုး ပျဉ်ကာ အိမ်ဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်လေးသိန်း ခွဲခန့်ရှိသည်ဟု မီးသတ်ဦးစီးဌာနမှ သိရ သည်။
ယင်းမီးလောင်မှုနှင့် ပတ်သက်ပြီး အိမ်ရှင် ဦးစံလင်းအား မီးသတ်ဥပဒေ ပုဒ်မ ၂၈၅ အရ မီးပေါ့ဆမှုဖြင့် အရေးယူ မည်ဖြစ်ကြောင်း သိရသည်။