ကမ်းဝေး ရေလုပ်သားများ မဲပေးသည့်ရက်နှင့် လွဲချော်နိုင်

0
416

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကမ်းဝေးရေလုပ်သားများ ပင်လယ်ပြင်တွင် ရှိနေမည်ဖြစ်၍ မဲပေး ခွင့် လွဲချော်နိုင်သည်ဟု မြိတ်ခရိုင် အတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ အသိုင်း အဝိုင်းမှ သိရသည်။


ယခုနှစ် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လ တို့ကို ကမ်းဝေးငါးဖမ်းလှေ ၅၀ ရာခိုင် နှုန်းကိုသာ ခွင့်ပြုပေးထားသဖြင့် စက် တင်ဘာလမှ စပြီး ကမ်းဝေး ငါးဖမ်း လှေအားလုံး ပြန်လည် လုပ်ကိုင် နေကြ ပြီဖြစ်သည်။ ပင်လယ်ပြင်တွင် ငါးဖမ်း ဆီး သည့်အခါ လချီကြာလေ့ရှိသည့်အတွက် ရွေးကောက်ပွဲကျင်းပသည့် ရက်နှင့် လွှဲချော်မည်ဟု ငါးဖမ်းလှေ လုပ်ကိုင် နေသူ တစ်ချို့က ပြောသည်။
” လာမည့် ရွေးကောက်ပွဲမှာ ရေ လုပ်သားတွေအနေနဲ့ ကြိုတင်မဲ ပေးခွင့် ရမှာ မဟုတ်ဘူး”  ဟု မြိတ်ခရိုင် ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် မဲပေးစဉ်အခါက ကြိုတင်မဲ ပေးပြီးမှသာ ငါးဖမ်းထွက်ခွင့်ပြုမည်ဟု ပြောသဖြင့် ကြိုတင်မဲ ပေးခဲ့ရဖူးသည်ဟု ကမ်းဝေး ရေလုပ်သားတစ်ချို့ ပြောပြ သည်။
” ရေလုပ်သားတွေ မဲပေးနိုင်အောင် ဘယ်လို စီစဉ်ပေးရမလဲဆိုတာ လက်ရှိ အချိန်ထိ မဆုံးဖြတ်ရသေးပါဘူး သက် ဆိုင်ရာ မဲကော်မရှင်တွေက ညွှန် ကြား တာမျိုးလည်း မရှိပါဘူး” ဟု ကမ်းဝေး (ဝါးလတ်)လှေ ပိုင်ရှင်တစ်ဦး က ပြောသည်။
” မဲတော့ပေးချင်ပါတယ်၊ မဲစာရင်း လည်း ကြည့်ပြီးပါပြီ၊ မဲပေးတဲ့ နေ့ကျ ရင် ပင်လယ်ထဲမှာပဲ ရှိနေမလား၊ ကမ်း ပေါ်မှာပဲ ရောက်နေမလားဆိုတာ အတိ အကျ မပြောတတ်သေးဘူး” ဟု ကမ်း ဝေးငါးကယ့်လှေ တစ်စီးမှ ကျွန်းစု မြို့နယ်နေထိုင်သူ ရေလုပ်သား တစ်ဦး က ပြောသည်။
မြိတ်ခရိုင်အတွင်း ကမ်းဝေး ငါး ဖမ်းလှေအစီးရေ ၇၀၀ ကျော်ရှိပြီး ငါး ကယ့်လှေတစ်စီးတွင် ပျမ်းမျှ ရေ လုပ် သား ၁၇ ဦးခန့်ရှိပြီး ဝါးလတ်လှေ များတွင် ၂၀ဝန်းကျင်နှင့် ဝါးတန်း လှေများတွင် ရေလုပ်သား ၄၀ ဦး အထက် ရှိကြောင်း သိရသည်။