ရပ်ဝေးဒေသများတွင် တောင်း ဆိုပါက ကြိုတင်မဲ ပေးခွင့်ပြုမည်

0
464

မြိတ်ခရိုင်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲရှိသည့် ဒေသများမှ ရပ်^ကျေးကော်မရှင်နှင့် မဲဆန္ဒရှင် ဒေသခံများမှ တောင်းဆို လာပါက လာမည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးခွင့်ပြုမည်ဖြစ်ကြောင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ (ခွဲ) ရုံးမှ သိရသည်။

လမ်းပန်းဆက်သွယ်ရေး အခက် အခဲကြောင့် ရွေးကောက်ပွဲ ကျင်းပမည့် နေ့တွင် မဲရုံသို့ ရောက်မလာနိုင်သည့် မဲဆန္ဒရှင်များအတွက် မဲရုံများကို ထပ်မံ တိုးပေးမည်သော်လည်း ထိုသို့ ထည့် သွင်း စဉ်စား ပေးသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွားက ပြောသည်။

” တကယ် သွားရေး / လာရေးတွေ ခက်ခဲတဲ့ အရပ်ဒေသတွေ ရှိပါတယ်။ တချို့ဒေသတွေဆိုရင် လူဦးရေးနည်းလို့ မဲရုံကို မတိုးပေးနိုင်တဲ့ နေရာတွေ ရှိပါတယ်။ ဒီနေရာတွေကို ကျွန်တော် တို့က အကြံပြုချင်တာက တကယ် ခက်ခဲတယ်ဆိုရင် ရပ်/ကျေးရွာ ကော် မရှင်နှင့် မဲဆန္ဒရှင် ဒေသခံတွေက တောင်းဆိုလာရင်တော့ ကျွန်တော်တို့က ကြိုတင်မဲ ထားပေးသွားဖို့ကိုတော့ အစီ အစဉ်ရှိပါတယ်” ဟု ၎င်းကဆိုသည်။
မြိတ်ခရိုင်အတွင်းရှိ ကျွန်း စုမြို့ နယ်မှ ကျေးရွာနှစ်ရွာ၊ ပုလော မြို့ နယ်တွင် ကျေးရွာနှစ်ရွာနှင့် တနင်္သာ ရီမြို့နယ်ရှိ ကျေးရွာတစ်ရွာက မဲရုံ တိုးပေးရန် တင်ပြထားကြောင်း ယင်းရုံ ထံမှ သိရသည်။

ဥပဒေအရ ကြိုတင်မဲများ ပေးပိုင် ခွင့် ရှိသူများမှာ မဲဆန္ဒနယ် ပြင်ပရောက် အစိုးရသင်တန်းသားများ၊ ဆေးရုံ ဆေးခန်းများတွင် ဆေးကုသ ခံနေရသည့် လူနာများ၊ အချုပ်ကျခံနေရသည့် အချုပ် သားပြင်ပနှင့် အတွင်းနှင့် မသန်စွမ်းသူ များဖြစ်ကြောင်း သိရသည်။