မြိတ်နှင့် ကော့သောင်း ၈၈ အဖွဲ့ မဲစာရင်းကြည့်ရန် လှုံ့ဆော်

0
465

နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲ တွင် ပြည်သူများ မဲပေးခွင့် ရရှိရေးအတွက် မဲစာရင်းတွင် အမည်ပါမပါ စစ်ဆေး ကြည့်ရှုကြရန် မြိတ်နှင့် ကော့သောင်း မြို့တို့ရှိ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က လှုံ့ဆော် လျက်ရှိကြောင်း သိရသည်။


မဲစာရင်းတွင် မိမိအမည်ပါမပါ ကြည့်ရှုစစ်ဆေးရန် မြို့တွင်းကားဖြင့် လှည့်လည်ဆော်ဩခြင်း၊ စတစ်ကာ လှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်းတို့ကို ကော့သောင်း ၈၈ အဖွဲ့က ဦးဆောင်က စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပြီး မြိတ် ၈၈ အဖွဲ့ကလည်း မဲစာရင်းကြည့်ရန် လက်ကမ်းစာစောင်နှင့် စတစ်ကာဖြန့် ဝေခြင်း လှုပ်ရှားမှုတို့ကို စက်တင်ဘာလ ၂၄ ရက်နေ့က စတင်ခဲ့ကြောင်း ယင်း အဖွဲ့အစည်းများထံမှ သိရသည်။
” သင်ကိုယ်တိုင် မဲစာရင်းစစ်ပါ၊ သင့်အမည်ပါရှိပါစေ၊ မဲပေးဖြစ်အောင် ပေးပါနှင့် မဲပေးရာတွင် ချွတ်ချော်မှု မရှိပါစေနှင့်ဆိုတဲ့ စတေကာလေးတွေကို ပြည်သူတွေ သိအောင်လို့ စည်းရုံးလှုံ ဆော်နေတာပါ” ဟု မြိတ် ၈၈ မျိုးဆက် အဖွဲ့မှ ဦးမိုးသူအောင်က ပြောသည်။
စတစ်ကာနှင့် လက်ကမ်းစာစောင် များကို မြိတ်၊ ကျွန်းစု၊ ပုလောနှင့် တနင်္သာရီမြို့နယ်များအထိ ဝေငှလှုပ်ရှား သွားမည်ဟု ဦးမိုးသူအောင်က ပြော သည်။အခြေခံ  မဲစာရင်းကို အခြေပြုကာ ဒုတိယအကြိမ် အခြေခံမဲဆန္ဒရှင် စာရင်း ကို စက်တင်ဘာလ ၁၄ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ထုတ် ပြန် ကြေညာခဲ့သည်။
ဒုတိယအကြိမ် မဲစာရင်း ကြေညာ ရာတွင်လည်း အမှားအယွင်းများ ရှိ နေဆဲ ဖြစ်သည့်အတွက်  မဲပေးခွင့် ရှိသူတိုင်း မဲပေးခွင့်ရရှိရန် မဲစာရင်းတွင် မိမိအမည် စာရင်းပါရန် အရေးကြီးကြောင်း ကော့သောင်း ၈၈အဖွဲ့မှ ဦးမျိုးလွင်က ဆိုသည်။
မဲဆန္ဒရှင် ပြည်သူများ မဲစာရင်း တွင် မိမိအမည်ပါမပါ ကြည့်ကြရန် နှိုးဆော်မူကို စက်တင်ဘာလ ၂၀ ရက်နေ့ မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ဆက်တိုက် ပြုလုပ်သွား မည်ဟု ၎င်းက ဆိုသည်။
ထားဝယ် ၈၈ မျိုးဆက်အဖွဲ့ကမူ ၈၈အဖွဲ့အနေဖြင့် သီးသန့်လှုံ့ဆော်မှု မပြုတော့သော်လည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ မဲစာရင်းကြည့်ရန် ကားဖြင့် နှိုးဆော်လျက် ရှိကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း (ထားဝယ်)ထံ မှ သိရသည်။
မဲစာရင်းကြည့်ရန် ဆော်ဩမှုအပြင် မဲတံဆိပ်တုံးထုနှိပ်နည်းနှင့် မဲပေးခြင်း ဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုကို ထားဝယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကားဖောင်ဖြင့် ထားဝယ်မြို့ နယ်အတွင်း လှည့်လည်ကာ တစ်ရက် လျှင် ရပ်ကွက်တစ်ခု သို့မဟုတ် ကျေးရွာ တစ်ခုနှုန်းဖြင့် အောက်တို ဘာလ ၁ ရက် နေ့မှ စတင်လုပ်ဆောင် သွားမည်ဖြစ် ကြောင်း ထားဝယ် ၈၈ အဖွဲ့ထံမှ သိရ သည်။