တောတွင်းတက္ကသိုလ်ကျောင်းသားကြီး၏ သမိုင်းစာမျက်နှာ

507
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

” ၃ လ နဲ့ အပြတ် ဆိုပြီး တော ခိုလာတာ နှစ် ၃၀ ပြည့်တော့မယ်၊ ခုထိ အိမ်ပြန်ရက် မသေချာသေးဘူး..”
စကားသံက တိုးသက်သက် ကွဲ အက်အက်..။ အသံပိုင်ရှင်က မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ဒုတိယ ဥက္ကဋ္ဌ..။

သူက ရဲဘော် မျိုးဝင်း..။ လော လောဆယ်တွင် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်း များ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (Senior Delegation ) ၁၅ဦး ကော်မတီအဖွဲ့ဝင်အဖြစ် ငြိမ်းချမ်း ရေး ဆွေး နွေးပွဲများ တက်ရောက်နေသူ..။
၁၉၆၅ ခု အောက်တိုဘာ ၂၈ ရက် ထားဝယ်မြို့ ဝဲကျွန်းရပ်တွင် မွေးပြီး တောမခိုခင်အထိ ထားဝယ်တွင် နေခဲ့ သည့် သူ့ကို မည်သည့် ထားဝယ်သားမှ ” ရဲဘော်မျိုးဝင်း” ဟု မခေါ်ကြ။ ရင်းနှီး သူတိုင်းကို မျိုးဝင်းဟု ခေါ်ကြကာ ပျော့ ပျောင်း ညင်သာလှသော သူပုန်လေး တစ်ဦးအဖြစ် မှတ်ယူကြ၏။
သူ့ပင်ကိုယ်ဟန်ပန်က အေးတုံ့ တုံ့ဟု ထင်ရသော်လည်း ခိုင်ကျည် သော စိတ်သဏ္ဌာန်က သူ့မျက်နှာတွင် နေရာ ယူထား၏။
ကလေးဘ၀မှ ဆယ်တန်းအောင် သည်အထိ သူ၏ လူငယ်ဘ၀က သာမန်။

၁၉၈၂ တွင် တစ်နိုင်ငံလုံး၏ တစ် ကျောင်းတည်းသော ရန်ကုန်စက်မှု တက္က သိုလ်သို့ သူရောက်လာ သောအခါ..၊ မြန်မာနိုင်ငံအဝှမ်းမှ ကျောင်းသားပေါင်း စုံနှင့် ဆုံမိသော အခါ..၊ အာဏာရှင်ကြီး၏ စက်ဆုတ်ဖွယ် ခြယ်လှယ်မှုများကို တစ်စ တစ်စ သိရှိလာသောအခါ..၊ သူ၏ သာမန်လူငယ်ဘ၀အား ခေတ်စနစ် လှိုင်းတံပိုးများ အဖျားခတ်လာလေ တော့ သည်။
dark_university_pages
စက်မှုအင်ဂျင်နီယာကျောင်း သားလေးသည် တတိယနှစ်မှစ၍ စက်ရုံ များတွင် ၂ လ တိုင်တိုင် Fငနို ဆင်း (လက်တွေ့ ကွင်းဆင်းလေ့လာ)ရသော အခါ စက်ရုံ အလုပ်ရုံ မှန်သမျှ စစ်တပ်မှ ထိန်း ချုပ်ထားသည်ကို ပိုတွေ့ပိုသိ လာ၏။

” စစ်ဗိုလ်တွေက ဘာမှ နားမလည် ဘဲ ကွပ်ကဲ နေကြတာတွေ့တော့ ပညာ ရှင်တွေအတွက် အတော့်ကို ခံပြင်းစရာ လေ..”

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ နိုင်ငံရေးပေါ်လစီနှင့် စီးပွားရေးစနစ် မကျမှုများကို စတင်ပိုင်းခြား သုံးသပ် တတ်လာသည့် ကျောင်းသားများဖွား မြင်ရာ ယင်းစက်မှုကျောင်းတော် ကြီးတွင် သူနှင့် ခံစားချက်တူ၊ ဆန္ဒတူ ကျောင်းသားများ အပြည့်..။

သူ့လိုပင် နိုင်ငံအဝှမ်း စက်ရုံ အသီးသီးမှ နာကျင်ခံခက်မှုပေါင်း များ စွာဖြင့် ပြန်လာကြကုန်သော စက်မှု ကျောင်းသားလေးများ ပြန်စုမိချိန်တိုင်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံကြီးအကြောင်း တိတ်တဆိတ် နှီးနှောကြရာမှ ပေါက် ပေါက်ကွဲကွဲ အဖြေတစ်ခု ထုတ်နိုင် ခဲ့ကြ၏။
” ငါတို့..၊ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ လိုပြီ..” သူ၏ တက္ကသိုလ် ပဉ္စမနှစ် ၁၉၈၆-၈၇ တွင် ငွေစက္ကူအရေးအခင်း ပေါ် ပေါက်လာသောအခါ..၊ ငွေပြန်လျော် ပေးရေး တောင်းဆိုရန် ကျောင်းပြင်သို့ ညတွင်းချင်း ချီတက်ကြရာမှ သူ၏ တော် လှန်ခြင်း နိုင်ငံရေးလှုပ်ရှားမှု စတင်ပါ တော့သည်။

ယင်းအတွက် သူရလိုက်သော ပထမဆုံး ရလဒ်ကား ကျောင်းအတွင်းမှ အတင်း နှင်ထုတ်ခံရခြင်း ဖြစ်၏။
စာမေးပွဲဖြေရန် ကျောင်းသို့ ပြန်ရောက်ချိန်အတွင်း သူနှင့် အဆောင် နေ ကျောင်းသားတစ်သိုက်၏ အဓိက ရည်ရွယ်ချက်သည် စာမေးပွဲအောင်ရန် မဟုတ်တော့။ လူစုပြီး အရေးအခင်း တစ်ခုဖန်တီးကာ အာဏာရှင်အား ဖြုတ်ချနိုင်ရေး၊ စနစ်ကြီး ပြောင်းလဲနိုင် ရေးသာ ဖြစ်တော့၏။
” လူစုမိအောင်ဆိုပြီး ညဘက် ကျောင်းထဲကနေ သူခိုး.. သူခိုး အော်ပြီး လည်း ထွက်ပြေးဖူးသဗျ..”
သူတို့ ကျောင်းသားများ၏ ကြိုတင် ဇာတ်တိုက် လူစုမှုများကို ဆရာများက ကြိုသိကာ တားနိုင်ခဲ့သော်လည်း..၊ စက်မှုကျောင်းသား အရေးအခင်းတွင် စစ်တပ်၏ သေနတ်ကျည်ဆံကြောင့် သူတို့ကျောင်းနေဖက် ကိုဖုန်းမော် မကျ ဆုံးရန်ကား မည်သူမျှ မတားနိုင်ခဲ့။

ကိုဖုန်းမော်အတွက် အလှူ ပေးဝေ နိုင်ရေး ကျောင်းရှေ့ထွက်ကာ ငွေစုပွဲ လေး လုပ်သောအခါ သူက ပိုက်ဆံ ပုံးပိုက် အလှူခံသမား။ ယင်းပွဲကို လုံထိန်းတပ်ဖွဲ့ ဝင်စီးသောအခါ ကျောင်း ဝင်းတွင်း ဝင်ပြေးရင်း ပိတ်မိနေရာ ဆရာ များ၏ လျှို့ဝှက် အကူအညီဖြင့် လွတ် မြောက်လာသူ..။
” လစ်တဲ့နေရာက ကျောင်းဝင်း အုတ်တံတိုင်းကို ကျော်ထွက်ရတာလေ..၊ ၁၅ ယောက်လောက် လွတ်လာတယ်..၊ ကျန်ခဲ့တဲ့ ကျောင်းသားတွေက ကျောင်း ကို ဝင်စီးဖမ်းလို့ အကုန်မိသွား တယ်တဲ့..။”

ထားဝယ်တွင် တိမ်းရှောင် နေဆဲ အချိန် ကျောင်းတော်ကြီးက သူနှင့် သူ့သူငယ်ချင်းများအား ကျောင်းမှ အပြီးအပိုင် ထုတ်ပယ် လိုက်ကြောင်း စာရောက်လာသောအခါ သူ၏ စက်မှု ကျောင်းသားဘ၀ ဘွဲ့မရလိုက်ဘဲ အဆုံး သတ်သွားခဲ့ လေတော့သည်။

” ထားဝယ်ကဆို စိုးတင့်ရယ်၊ ကျွန် တော်ရယ်၊ ကျော်ထင်ရယ် ၃ ယောက် အထုတ်ခံရတာလေ..၊ အဲဒီ ကတည်းက ကျောင်းကို ပြန်မရောက် တော့ပါဘူး ဗျာ..”

ကမ္ဘာကျော် ၈၈ အရေးတော် ပုံကြီးတွင် ထားဝယ်ကျောင်းသားသမဂ္ဂ၏ လုံခြုံရေးအား ကိုမျိုးသိန်း၊ ကိုကျော်ထင်၊ ကိုကျော်သောင်းတို့နှင့် တွဲဖက် တာဝန် ယူခဲ့ပြီး ယင်းအချိန် ကတည်းက သူတို့ တတွေတွင် ချမှတ်ပြီးသား အစီအစဉ် တစ်ခု အခိုင်အမာ ရှိနေခဲ့လေ၏။

” မရရင် ချဖို့ ပြင်ထားပြီးသား၊ သူများတွေလို ရောယောင်ပြီး ထွက်ခဲ့တာ မဟုတ်ဘူး..”

သူတို့သည် အာဏာ မသိမ်းမှီက တည်းက မွန်ပြည်သစ်၊ KNU စသည့် နီးစပ်ရာ လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ကြိတ် ဆက်သွယ်ထား ကြ၏။
အရေးတော်ပုံ အခြေအနေ မဟန် ဟု ရိပ်စားမိသည်နှင့် ဆန္ဒတူ ခံယူချက် တူသူများအား ထိုအဖွဲ့အစည်းများထံ အသုတ်ခွဲပို့လွှတ်၏။ အာဏာသိမ်း ကြောင်း ကြေညာသောအခါတွင် သူ သည် အခြားရဲဘော်များနှင့်အတူ နတ်အိမ်ထောင်ဘက်ရှိ KNU စခန်း များဆီသို့ တိတ်တဆိတ် ထွက်ခွာ ခဲ့တော့၏ (လမ်းကြောင်း အသေးစိတ်အား ထက်အောင်ကျော်၏ သူပုန်ကျောင်းသား တစ်ဦး၏ မာရသွန်ခရီး စာအုပ်တွင် ဖတ်ရှုပါရန်)။

သေနတ်ပစ်တတ်တာနဲ့ ပစ္စည်း သယ်ပြီး ပြန်ချကြမယ်ပေါ့..၊ အရေး အခင်း ကာလအတွင်း ထားဝယ် မြို့ အုပ်ချုပ်မှုက ကိုယ်တို့ လက် ထဲမှာလေ..။
သူ့အတွေးက ရိုးရိုးရှင်းရှင်း..။ သေနတ်ပစ် သင်မည်၊ ပြီးလျှင် လက် နက်စုပြီး ထားဝယ်ကို ပြန်သိမ်းမည်၊ နောက်တစ်ဆင့် တစ်နိုင်ငံလုံး ပြန် စုစည်းကာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မည်။ ထိုစီမံကိန်းတစ်ခုလုံး အများဆုံးကြာလျှင် ၃ လ..။

သို့သော် လက်တွေ့ကား တစ် ခြားစီ..။ KNU မှ ပို့ချသော စစ်သင် တန်းများကိုပင် လရှည်နှစ်ချီ တက်ခဲ့ ရလေ၏။ ထမင်းကို စကေးနှင့် စားရ သည့် ဘ၀က မကျွတ်နိုင်တော့..။ ငှက်ဖျားရန်ကို အန်တုရင်း ယုံကြည်ချက် မခိုင်သူတို့ တဖြည်းဖြည်း နောက်ဆုတ် ထွက်ခွာသွားချိန်တွင် သူ၏ လမ်းက ပန်းတိုင်သို့..။
” အဟီး..၊ တက္ကသိုလ် ကျောင်း သားဆိုတော့ သင်တန်းဆင်းတာနဲ့ တပ်စုမှူး တာဝန် စယူခဲ့ရတယ်လေ..။”
ကျောင်းသားတပ်မတော် မင်းသမီး စခန်းတွင် တပ်ခွဲမှူး၊ စခန်းအုပ်ချုပ်မှု တာဝန်ခံ စသည့် တာဝန်များကို ထမ်း ဆောင်ရင်း..၊ တနင်္သာရီရိုးမနှင့် မြစ် ချောင်းတစ်လျှောက် စုန်ဆန်လှည့် လည်ရင်း..၊ လူပေါင်းစုံ အတွေး အခေါ် အမူအကျင့် ပေါင်းစုံပါဝင်သော စစ်တပ်တစ်တပ်အား စုရုံး အုပ်ချုပ် ရသည်မှာ မလွယ်ကြောင်း သူသိလာ ၏။

” ကိုယ့်အချင်းချင်းတောင် ညီညွတ် အောင် အတော် ကြိုးစားနေရတာလေ..”
နယ်စပ်တစ်လျှောက် ပြန့်ကြဲနေ သော ဒီမိုကရက်တစ် အင်အားစုများကို စုစည်းရင်းမှ..၊ သူတို့ ကျောင်းသား တပ်မတော်၏ ၁၉၉၁ ခုနှစ် ညီလာခံတွင် မိုးသီးနှင့် ဒေါက်တာနိုင်အောင် နှစ်ဖွဲ့ ကွဲပြန်၏။
သူသည် ဒေါက်တာနိုင်အောင်၏ ဗဟိုကော်မတီတွင် အထွေထွေ အတွင်း ရေးမှူး ဖြစ်လာကာ လက်နက်ကိုင် တပ်ပေါင်းစုများတွင်လည်း တာဝန် ပေါင်းစုံ ထမ်းရွက်ခဲ့ရလေသည်။ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DဗB)တွင် အထွေထွေအတွင်းရေးမှူး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ (ဃြ့B)တွင် တွဲဖက် အထွေ ထွေအတွင်းရေးမှူး တာဝန်များကို လည်း ထမ်းခဲ့ဖူးလေပြီ..။
နယ်စပ်တလွှားနှင့် ရိုးမတောင်တန်းများတွင် တိုက်ပွဲအကြီး အငယ်တို့ကိုလည်း ဆင်နွှဲ ကွပ်ကဲဖူးခဲ့လေပြီ..။ သူ့ပန်းတိုင်က ကျောက်ဆောင် ချောက်ကမ်းပါးများကြား ရေးရေး ရိပ်ရိပ်..။ သို့သော် သူ့ခြေလှမ်းများက မတွန့်မဆုတ်..။ သူ ပြန်ပြန် လွမ်းမိသည်က စက်မှုကျောင်းသားဘ၀..။

” သင်ဖူးတဲ့ကျောင်းစာတွေက တစ်နေရာရာမှာတော့ အသုံးဝင် နေမြဲပဲလေ..၊ ခုတော့ တော်လှန်ရေးဟာ ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်ပေါ့..”
ကရင်ပြည်နယ် မဲသဝေါအနီးမှ ဒေါင်းတမန်ဌာနချုပ်သည် သူ၏ ကွန်းခိုရာ ဖြစ်ခဲ့သည်မှာ ၂၅ နှစ် ကျော်ခဲ့ပြီ..။
မှားယွင်းနေသော စနစ်ကြီးကို တည့်မတ်လိုခဲ့သူ..၊ မှေးမှိန်နေသော ပညာရှင်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလိုခဲ့သူ၊ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ထောင်လိုခဲ့သူ..၊ သူ၏ တောတွင်းတော်လှန်ရေး အတွေ့အကြုံများအား တက်ကြွ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန် အသင့်။
“တော်လှန်ရေးဆိုတာ စိတ်ကူးယဉ်လို့မရဘူး၊ ပြည်တွင်း နိုင်ငံ ရေး အခြေအနေအပြင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ လက်ရှိ သွားနေတဲ့ လမ်းကိုလည်း ကြည့်တတ်ရမယ်..”

အခုကာလအား နိုင်ငံရေးပိုပြီး စစ်ရေးချိုနေသည့် အနေအထားဟု သူ သုံးသပ်၏။ သူ၏ဘ၀ရှေ့ရေးကို သုံးသပ်ရန်ကား သူမအား လပ်သေး..။ ထို့အတူ..၊ သူ့မိသားစု ရှေ့ခရီးအတွက်လည်း ရေရာသော ဘ၀အာမခံချက်များ ခုထိ မရှာဖွေနိုင်သေး..။

“နော်ဝေနိုင်ငံရောက်နေတဲ့ ဇနီးနဲ့သမီးကို မတွေ့နိုင်တာ နှစ်ချီ ကြာပေါ့ဗျာ..”

သူနှင့်တစ်ချိန်တည်း တောခို လာသည့် ကျောင်းသူ..၊ ထားဝယ်-ကံဘောက်သူလေး ရဲမေ အေးအေးလွင် (ဗဟိုသုတေသန၊ ဗဟို ဆက်သွယ်ရေးတပ်)နှင့် ချစ်ကြိုးသွယ်မိကာ သမီး ရတနာတစ်ပါးပင် ထွန်းကား ပိုင်ဆိုင်ခဲ့လေပြီ..။
သူတို့မိသားစု အတူပြန်နေခွင့်နှင့် သူတို့၏ ပျော်ရွှင်ဖွယ် အိမ်ပြန် ခရီးကား ဝေဝါးနေဆဲ..။

အရင်က လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဆီ ဦးတည်ထား သော သူ့ခြေလှမ်းများကတော့ ယခုအခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆီ တာစူလာလေပြီ..။ နိုင်ငံရေး ပြသနာ များအား စကားဝိုင်းဖွဲ့ ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေလေပြီ..။ အားလုံး ပါဝင်နိုင်သော နိုင်ငံရေး ဆွေးနွေးပွဲကြီးများမှ ထွက်ကျလာမည့်အဖြေကို သူအကောင်း ဘက်ဦးတည် မျှော်လင့်နေလေပြီ..။
“အားလုံးလက်ခံနိုင်တဲ့ နိုင်ငံရေး အဖြေတစ်ခု ထွက်ပြီးရင်တော့ အိမ်ပြန်သင့်ပြီ ထင်တာပဲ..”
တောတွင်းတက္ကသိုလ်မှ တော်လှန်ရေးကျောင်းသားကြီး ရဲဘော်မျိုးဝင်း..၊ ကျောင်းထွက်ကာ အိမ်ပြန်တော့မည် မပြောသေး။