ကိုကိုင်ဇာ၏ ကိုဗစ်ကာကွယ်ရေး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အဝေးကကြည့်လိုက်လျှင် ထီသည် ကားအလားထင်ရသည်။ ကိုကိုင်ဇာဝင်း က သူပိုင်ယာဉ်၏ နောက်ခန်းတစ်ခုလုံးကို ကွန်တိန်နာ အအေးခန်းကားကဲ့သို့ မှန် အထူဖြင့် စီမံလိုက်သည်။

ကြမ်းခင်းတစ်ခုလုံးကိုလည်း အလွယ် တကူ ဆေးကြောရလွယ်ရန် ရေလုံအောင် စီမံထားသည်။ ပြီးတော့ ကားအင်ဂျင် ဖြင့် ၂၄ နာရီအဲယားကွန်းမောင်းနိုင်သလို အတွင်းရှိလေ အပြင်မထွက်ဘဲ သံသရာ လည်နိုင်အောင်လည်း သူကပြုလုပ်ထား သည်။

ထို့အပြင် လူတစ်ယောက်တက် ဆင်းပြီးတိုင်း အတွင်းရောအပြင်ပါ ကား တစ်စီးလုံး၏ ပတ်ပတ်လည်တွင် အလို အလျောက် ပိုးသတ်ဆေးဖျန်းသည့် စနစ် ကိုလည်း သူကတပ်ဆင်ထားသေးသည်။

အသက် ၃၈ နှစ် ရှိပြီဖြစ်သော ကိုကိုင်ဇာဝင်း ရည်ရွယ်သည်က ကိုဗစ် နိုင်တီး သံသယလူများနှင့် ယာဉ်မောင်း များ ဘေးကင်းလုံခြုံရေးအတွက် အထူး စီမံထားသော ယာဉ်တစ်စီး ဖြစ်လာရန် ဖြစ်သည်။ အများက ကိုကိုင်ဇာဟု ခေါ် တတ်သော ၎င်းမှာ ပုလောမြို့ ဇာတိဖြစ် သည်။ ယခုတော့ မြိတ်မှာ အခြေချနေ သည်။

တကယ်တော့ သူ့ထမင်းစား အလုပ် က အဲယားကွန်းပြုပြင်ခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အဲယားကွန်း လိုက်လံပြုပြင် တပ်ဆင်ရန်အချိန်မရှိ၊ သူ့လုပ်ငန်းတချို့ တပည့်တပန်းများနှင့် လွှတ်ထားရသည်။

လတ်တလော အရေးတကြီး ခြိမ်းခြောက်လာနေသည့် ကိုဗစ်နိုင်တင်း အရေးနှင့် ပတ်သက်ပြီး သံသယလူနာများ ကားမောင်းသူများ ဘေးကင်းလုံခြုံရေး အတွက် ပြီးခဲ့သည့် အပတ်က သူကား တစ်စီး ပြုလုပ်ခဲ့သည်။

သို့သော်ယင်းကားမှာ သေးငယ်ပြီး ချွတ်ယွင်းချက်အနည်းငယ် ရှိခဲ့သည့် အတွက် ယခုအခါ ကားကြီးတစ်စီးကို ထပ်မံပြုလုပ်နေပြီဖြစ်သည်။

ဒါတင်မက လူအများကြီးဖြင့် ဝင် ထွက်လုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၊ စတိုးဆိုင်များ၊ ဆေးရုံဆေးခန်းများအတွက် လူတစ်ဦးဝင်ထွက် ဖြတ်သန်းတိုင်း အလိုလျောက် ပိုးသတ်ဆေးဖျန်းသည့် စက် များကိုလည်း လုပ်အားခမယူဘဲ အလျင် စလို ထုတ်လုပ်နေသည့်အတွက် သူ့တွင် ယခုရက်ပိုင်းအတွင်း အိပ်ချိန်စားချိန်က မမှန်တော့။
ကျွမ်းကျင်အလုပ်သမား ဆယ်ဦး ခန့်၏ ကျောက်စက်ဖြတ်သံ၊ ကျောက်ဘီး တိုက်သံ၊ သံမှိုပစ်ဖောက်သံများနှင့် အိမ် နှင့်တွဲထားသည့် သူ့အလုပ်ရုံလေးက ကိုဗစ်ကာကွယ်ရေးအတွက် အသက်ဝင် ဆူညံလို့နေသည်။

မြန်မာနိုင်ငံရှိ သံသယလူနာများကို ရိုးရိုးလူနာတင်ကားဖြင့် ဆေးရုံသို့ ပို့ဆောင် နေကြသည်ကို မြင်တွေ့ပြီးနောက် သူ့ အနေဖြင့် ဘေးကင်းလုံခြုံသည့် သံသယ လူနာသယ်ဆောင်ရန် သီးသန့်ကား တစ်စီး လိုအပ်နေပြီဟု စိတ်ကူးရကာ ယင်း ကားကို တီထွင်ပြုလုပ်ခဲ့ကြောင်း ကိုကိုင်ဇာ က ပြောသည်။

“လူနာကိုဒီအတိုင်း ကားနဲ့တင်ခေါ် သွားတာ ကားပေါ်ပါသွားသူတွေမှာက လုံခြုံမှုမရှိဘူး။ ပြီးတော့ ဒီကားကို စိတ်ချ ရအောင် ဘယ်လိုပုံစံမျိုးနဲ့ ပိုးပြန်သတ်မလဲ”ဟု သူကပြောသည်။

“အဲဒါကိုမြင်ပြီး ဒီလိုလုပ်ဖို့ စိတ်ကူး ရသွားတာ”ဟု ၎င်းကဆိုသည်။

ကားအတွင်းပိုင်းတွင် ခုံလေးလုံး ချထားပြီး အနည်းဆုံး သံသယလူနာ လေးယောက်မှ ရှစ်ယောက်အထိ လုံလုံ ခြုံခြုံ စီးနိုင်သည်။ သူလုပ်ထားသည့်စနစ် က ကားလည်းပျက်စီးရန်မရှိ။ မလိုအပ် တော့လျှင် လူလေးယောက်ဖြင့် အလွယ် တကူ မ ချလိုက်ရုံပင်။

“အတွင်းမှာ မီးတွေသုံးထားတာက အစ စနစ်တစ်ခုလုံး အပြင်ကထိန်းချုပ် နိုင်အောင် လုပ်ထားတယ်”ဟု အဲယားကွန်း လုပ်သက် အနှစ်နှစ်ဆယ်ခန့် ရှိသည့် ကိုကိုင်ဇာက ပြောသည်။

ယင်းကားကို ပြုလုပ်ရန်အတွက် အချိန် ၂ ရက်နှင့် ယာဉ်မပါ ပစ္စည်းတန်ဖိုး သိန်း ၃၀ ခန့်ကုန်ကျခဲ့သည်။ သည့် အတွက် သူ့အနေဖြင့် ကုန်ကျမှုကို ဂရု မစိုက်။ သူစိုးရိမ်သည်က ကိုဗစ်သံသယ လူနာကြောင့် အခြားသူများအား ထိခိုက် မည့်အရေး။

သို့သော် ပထမဈေးဦးပေါက်ထုတ် လုပ်ခဲ့သည့် ကားတွင် နေရာကျဉ်းသည့် အတွက် အိပ်စင်မပါ။ နေထိုင်မကောင်းသူ သက်ကြီးရွယ်အိုများအတွက် အခက်အခဲ ရှိသလို အဲယားကွန်းမောင်းရာတွင် ဘက်ထရီမနိုင် အင်ဂျင်မနိုင်တာမျိုးရှိခဲ့ ကြောင်း အသစ်အဆန်းတီထွင်ပြုလုပ်ခြင်း ကို ခုံမင်သူ ကိုကိုင်ဇာက ပြောပြသည်။

ယခုပြုလုပ်နေသည့် ကားက ယခင် ထက်ပိုကြီးသည့် လိုက်ထရပ်ကားဖြစ် သည့်အတွက် ထိုင်ခုံအပြင်အိပ်စင်ပါ ထည့်သွင်းထားပြီး ကားခေါင်မိုးတွင် လည်း ခရီးဆောင်အိတ်များ တင်နိုင်ရန် ဝက်ခြံပါထည့်သွင်းထားသည်။ ယင်း အတွက်ထပ်မံကုန်ကျငွေက သိန်းလေး ဆယ်ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ရှင်းပြသည်။

“အရင်ပထမလုပ်တဲ့ကားက အားနည်း ချက်တွေရှိတယ်။ ခုထပ်လုပ်နေတဲ့ကားက ဆရာဝန်တွေရဲ့ အကြံပြုချက်တွေ ညွှန် ကြားချက်တွေနဲ့ လုပ်နေတာပါ”ဟု၎င်းက ပြောသည်။

ယခုလုပ်နေသည့်ကားတွင် ကား နောက်ခန်းအတွင်းရှိသည့်လေပူကို လေ အေးဖြစ်အောင် သံသရာလည်သည့်စနစ် ဖြင့် အခန်းထဲမှ လေကိုအပြင်သို့ လုံး၀ မထွက်ခိုင်း ယိုစိမ့်မှုလည်း လုံး၀မရှိစေရန် လုပ်ထားခြင်းဖြစ်သည်။

“ဆိုးကျိုးက အောက်စီဂျင်ပြတ် လာတယ်။ ဒီအတွက် ပြင်ပလေကိုသွင်း ပေးဖို့ စနစ်ထည့်လိုက်တယ်။ အထဲကလေ ကို အပြင်လုံး၀မထုတ်ဘူး”ဟု ကိုကိုင်ဇာ ကပြောသည်။

အောက်စီဂျင်ကိုစုပ်ယူပြီး လည် ပတ်သည့်အတွက် အခန်းအတွင်း ရေငွေ့များပျံလာသည်။ ပျံလာသည့် ရေငွေ့ အတွင်း ရောဂါပိုးများ ပါနိုင်သည်။ သည့် အတွက်ယင်းရေငွေ့များကိုစုပ်ပြီး ပိုး သတ်ဆေး ထည့်ထားသည့် ရေပုံးထဲသို့ ပြန်ထည့်ကာ အပြင်လမ်းမပေါ်သို့ လုံး၀ မကျရောက်အောင် ပြုလုပ်ထားကြောင်း ၎င်းက ရှင်းပြသည်။

“လူနာတင်ပြီးရော မတင်ခင် ပိုးသတ် ဆေးဖျန်းတယ် ပြီးတော့ ပြန်စုပ်ပြီး ပိုး သတ်ဆေးထည့်ထားတဲ့ပုံးထဲ ပြန်စွန့် ထုတ်တယ်”ဟု ကိုကိုင်ဇာက ပြောသည်။

ဆရာဝန်များ၏ အကြံပြုချက် ညွှန် ကြားချက်များအတိုင်း ယခင်ကားကိုလည်း ပြန်လည်ပြင်ဆင် ခဲ့ပြီး နောက် ယခုအခါ သံသယလူနာများအား ဆေးရုံ သို့ အခမဲ့တင်ကာ မိမိကိုယ်တိုင် ပို့နေပြီ ဖြစ်သည်ဟု ပရဟိတသမားတစ်ဦးလည်း ဖြစ်သည့် ကိုကိုင်ဇာက ပြောပြသည်။

“လူနာတစ်ခါတင်ပြီးတိုင်း ရေချိုး ခန်းထဲတန်းဝင်ပြီး သန့်ရှင်းရေးတော့ ဂရုတစိုက်လုပ်နေရတာပေါ့ ကူးသွားရင် မလွယ်ဘူး”ဟု သူ ရယ်ရင်းပြောသည်။

ကိုဗစ်နိုင်တင်းအရေးနှင့် ပတ်သက် ပြီး လတ်တလော လုပ်နေရသည်မို့ ထုံးစံ အတိုင်း နေ့စဉ်ဝင်ငွေ စီးပွားရေးက ထိခိုက်လာနေသည်။

သူတစ်နှစ်ပတ်လုံး စုဆောင်းငွေ သိန်းတစ်ရာသည်လည်း ယခုအခါမရှိ တော့။ ကိုဗစ်အတွက် သူ့ရင်တွင် ဖြစ် ပေါ်နေသည့် စိုးရိမ်မှုကလည်း လျော့ မသွားသေး။

“ငွေကုန်သွားတာက ပြန်ရှာလို့ရ တယ်။ လုံခြုံမှုအားနည်းတာကြောင့် တစ်မြို့ လုံး ရောဂါကူးစက်သွားမှာ ကိုတော့ ကျွန်တော် လုံး၀အဖြစ်မခံချင်ဘူး”

ကိုဆန်း