မြိတ်ဆေးရုံကြီးတွင် ဓါတ်ခွဲစမ်းသပ်မှု ၄၄ မျိုး အခမဲ့ စမ်းသပ်နိုင်ပြီ

0
562

ကုတင် ၂၀၀ ဆံ့ မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် ဩဂုတ်လ ၂၆ ရက် နေ့မှ စပြီး အတွင်းလူနာများအတွက် ဓါတ်ခွဲ စမ်းသပ်မှုပေါင်း ၄၄ မျိုးကို အခမဲ့ပြု လုပ်ပေးနေပြီဖြစ်ကြောင်း ယင်းဆေးရုံ ကြီးရှိ ရောဂါဗေဒ ဆရာဝန်တစ်ဦးထံမှ သိရသည်။


ပြီးခဲ့သည့် နှစ်အထိ ယင်းဆေးရုံ ကြီးတွင် ဓာတ်ခွဲစမ်းသပ်မှု ၂၅ မျိုးကို အခမဲ့ပြုလုပ်ပေးခဲ့ရာမှ ယခုနှစ်တွင် ၁၉ မျိုး ထပ်တိုးခဲ့ခြင်းဖြစ်ကြောင်း အထက် ပါ ဆရာဝန်က ပြောသည်။  “ဆေးရုံမှာက အားလုံးနီးပါး အခမဲ့ ဖြစ်နေပါပြီ ” ဟု ၎င်းက ဆိုသည်။
လည်ပင်းကြီးဟော်မုန်း စစ်ဆေး ခြင်းနှင့် ကင်ဆာရှိ / မရှိ စမ်းသပ်သော ဓါတ်ခွဲ စမ်းသပ်မှုများကိုမူ ရန်ကုန် ဆေးရုံကြီးသို့ ပေးပို့ပြီး ပြုလုပ်ပေးသည် ဟု သိရသည်။

operation_myeik
ယခင်က ကင်ဆာဟုတ်/မဟုတ် အသားစ စစ်ဆေးခြင်းအတွက်မူ အများ ဆုံး ကျပ်၆၀၀၀ နှင့် ဆီးစစ်ဆေးခြင်း အတွက် အနည်းဆုံး ကျပ် ၁၀၀၀ကို လူနာရှင်က ပေးရမည်ဖြစ်ကြောင်း အထက်ပါ ဆရာဝန်မှ ပြောသည်။  ” ဒီလိုမျိုး အခမဲ့စနစ်တွေနဲ့ ပြုလုပ် ပေးထားတယ်ဆိုတော့ မရှိဆင်းရဲသား တွေအတွက် အများကြီး အထောက်အကူ ဖြစ်မှာပါ” ဟု ဆေးရုံတွင် ခွဲစိပ် ကုသမှု ခံယူနေရသည့် လူမမာတစ်ဦး၏ ဖခင်က မှတ်ချက်ပြုသည်။
မြိတ်ဆေးရုံကြီးတွင် အခမဲ့ပြုလုပ် နိုင်သည့် ဓာတ်ခွဲစမ်းသပ်မှုများမှာ သွေး အားနည်း စစ်ခြင်း၊ သွေးဖြူဥ စစ်ခြင်း၊ သွေးဥမွှား စစ်ဆေးခြင်း၊ သွေးအနည် ထိုင်နှုန်း၊ သွေးအုပ်စုခွဲခြင်း၊ ရိုးတွင်းခြင် ဆီ စစ်ဆေးခြင်း၊ အသည်းရောင် အသား ဝါဘီ၊ စီ၊ HIV ပိုး၊ ကာလသားရောဂါ၊ ငှက်ဖျား၊ သွေးလွန် တုပ်ကွေး၊ ဆီး၊ ဝမ်း၊ အဆုတ်တီဘီ၊ ကျောက်ကပ်ရောဂါ၊ အဆီဓါတ်၊ လေးဘက်နာ၊ အူရောင်ငန်း ဖျား၊ အဆစ်အမြစ်ရောင်၊ အသားစမှ အဖြေရှာခြင်းတို့နှင့် အခြားဓါတ်ခွဲ စမ်း သပ်မှုများ အပါအဝင် စုစုပေါင်း ၄၄ မျိုး ရှိကြောင်း ဆေးရုံကြီးမှ သိရသည်။
ထို့ပြင် မြိတ်ပြည်သူ့ ဆေးရုံကြီး တွင် ၂၀၁၂ ခုနှစ်မှစပြီး သွေးသွင်းခြင်း နှင့် ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့် ရှောက်မှုများကို လက်ရှိအချိန်ထိ အခမဲ့ စနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။