ကော့သောင်းတွင် အငိုက်ဖမ်း ခါးပိုက်နှိုက်မှု ဖြစ်လာ

0
519

ကော့သောင်းမြို့ပေါ်တွင် ပြီးခဲ့သည့် တစ်လကျော်ကစပြီး မျက်နှာစိမ်း အမျိုး သားတစ်ဦးမှ အခြားအမျိုးသားများအား ရင်းနှီးစွာ စကားပြောဆိုပြီး အငိုက်ဖမ်း ခါးပိုက်နှိုက်မှု စတင်ဖြစ်ပွားလျက်ရှိကြောင်း ခါးပိုက်နှိုက်ခံရသူများနှင့် ဒေသခံများ ထံမှ သိရသည်။

အသက် ၄၀ ကျော်အရွယ် အဆိုပါ အများသားသည် အခြားအမျိုးသား များကို ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သူကဲ့သို့ စကားလာပြောပြီး အလစ်အငိုက်တွင် အင်္ကျီအိတ်အတွင်းမှ ပိုက်ဆံများကို နှိုက်ယူသွားခြင်းဖြစ်ကြောင်း ခါးပိုက် နှိုက်ခံရသူများက ပြောပြသည်။

” အနားကိုဝင်လာပြီး နေကောင်း လား။ အလုပ်အဆင်ပြေလား စတဲ့မေးခွန်း တွေ အများကြီးမေးပြီး ရင်းနှီးနေတဲ့သူလို အင်္ကျီအိတ်ထဲ ငွေဘယ်လောက်ရှိတယ် ဆိုပြီး နှိုက်ကြည့်တယ်။ ပြန်ထည့်ပေး တယ်။ ဒီလူထွက်သွားလို့ အဝေးရောက်မှ ပိုက်ဆံ စစ်ကြည့်တဲ့အခါ တစ်ပြားမှ မကျန်တော့ဘူး” ဟု ငွေကျပ်ခုနှစ်သောင်း ခွဲ ခါးပိုက်နိုက်ခံခဲ့ရသူ အေးရိပ်ငြိမ် ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆို သည်။

ရွှေဟင်္သာရပ်ကွက်နေ အမျိုးသား တစ်ဦးကလည်း ယင်းနည်းတူကြုံခဲ့သည် ဟု သိရသည်။အဆိုပါ ခါးပိုက်နှိုက်ခံရသူ အမျိုး သား ၂ ဦးစလုံးသည် ရဲစခန်းတွင် အမှု ဖွင့် ထားခြင်းမရှိဟု သိရသည်။ယင်းကဲ့သို့ ရင်းနှီးဟန်ဆောင်ပြီး ခါးပိုက်နှိုက်မှုမျိုး ကော့သောင်းမြို့ပေါ် တွင် ကြားရလေ့မရှိဟု မြို့ခံများထံမှ သိရသည်။