သွေးလှူရှင် အဖွဲ့များကို ဘီပိုးကာကွယ်ဆေးထိုးပေးရန် အဆင်သင့် မဖြစ်သေး

0
512

မြိတ် သွေးလှူရှင်အသင်းများမှ သွေးလှူရှင်များကို ဘီပိုး ကာကွယ် ဆေး ထိုးပေးစေချင်သော်လည်း မြိတ် အထွေထွေရောဂါကု ဆေးရုံအနေဖြင့် အဆင်သင့် မဖြစ်သေးဟု ယင်းဆေးရုံအုပ် ဒေါက်တာ သန္တာမျိုးဝင်းက ပြောသည်။

လက်ရှိတွင် ခရိုင်မှချထား ပေးသည့် ဘီပိုး ကာကွယ်ဆေးများကို ဆေးရုံ ဝန်ထမ်းတချို့နှင့် သွေးအလှူရှင် များနေ့က လာရောက် လှူဒါန်းသည့် တက္ကသိုလ်ကျောင်းသူ ^ သား ၆၀ ဦးကို ထိုးပေးပြီးဖြစ်ကာ မြိတ်သွေးလှူဘဏ်သို့ တစ်ဦးချင်း ဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လာရောက် လှူဒါန်းသူများကိုလည်း ထိုးပေး မည်ဟု အထက်ပါ ဆေးရုံအုပ်က ရှင်းပြသည်။
blood-donater
” ဆေးရုံဘက်က ပြင်ပ သွေးလှူရှင် အဖွဲ့အစည်းတွေကို ဘီပိုး ကာကွယ်ဆေး ထိုးပေးနိုင်ခြင်း မရှိသေးပါဘူး”ဟု ဒေါက်တာ သန္တာမျိုးဝင်းက ဆိုသည်။
မြိတ်တွင် သွေးလှူရှင်အဖွဲ့ တစ်ဆယ် ကျော်ရှိပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က ဘီးပိုးကာကွယ်ဆေး တစ်ကြိမ်ထိုးပေးဖူး သည်ဟု လောဟိတဒါနသွေးလှူရှင် အသင်းမှ ဦးခင်ဇော် က ပြောသည်။

” လက်ရှိအချိန်အထိတော့ ဆေးရုံ ဘက်က ပြင်ပသွေးလှူရှင်များဖြစ်တဲ့ တစ်ခါတလေမှလာတဲ့ လူတွေနဲ့ ဆေးရုံ ဝန်ထမ်းတွေကလွဲလို့ ကျွန်တော်တို့ သွေးလှူရှင်အဖွဲ့တွေကို လုံးဝ ထိုးပေး ခြင်းမရှိသေးဘူး” ဟု ဦးခင်ဇော်က ဆိုသည်။

မြိတ်အထွေထွေရောဂါကုဆေးရုံ ကြီးနှင့် ပြင်ပဆေးရုံ၊ ဆေးခန်း များတွင် အရေးပေါ် သွေးလိုအပ်သည့် လူနာများ အား နေ့စဉ်သွေးများကို လှူဒါန်းပေးနေ သော မြိတ်သွေး လှူရှင်များ အသင်း / အဖွဲ့များတွင် ၂ ကြိမ်မှ ၃ ကြိမ်အထိ လှူဒါန်း ဖူးသည့် စေတနာရှင်များကို ဆေးရုံ ဘက်မှ ဘီပိုးကာကွယ် ဆေးများ ကို အခမဲ့ထိုးပေးသင့်သည်ဟု ဇီဝိတဒါန သွေးလှူရှင်အသင်း ခေါင်းဆောင် ဦးကျော်ဌေးက ပြောသည်။
ယင်းသို့ ကာကွယ်ဆေး ထိုးနှံ ရာတွင် တစ်ခါတစ်ရံမှ သွေးလှူသူကို ထိုးပေးခြင်းမျိုး မဟုတ်ဘဲ အမြဲတမ်း လှူသည့် အလှူရှင်များကို ဦးစားပေး ထိုးနှံပေးသင့်သည်ဟု မြစ်ငယ်ရပ်ကွက်နေ ကိုနိုင်က မှတ်ချက်ပြုသည်။

လက်ရှိတွင် ပြင်ပ သွေးလှူရှင် အသင်း / အဖွဲ့များကို ဘီပိုးကာကွယ် ဆေးထိုးပေး နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားပြီး အလှူရှင်များကို အကူညီတောင်းကာ ကာကွယ်ဆေးများ ထိုးပေးနိုင်ရန် စီစဉ် နေကြောင်း မြိတ်အထွေထွေ ရောဂါကု ဆေးရုံမှ သိရသည်။