မြိတ်တွင် တစ်လကျော်အတွင်း စိတ်ကြွဆေးပြား တစ်သောင်းကျော် ဖမ်းမိ

0
423

မြိတ်ခရိုင်အတွင်း မေလနှောင်း ပိုင်းမှ ဇွန်လကုန်အထိ စိတ်ကြွဆေး ပြား တစ်သောင်းကျော် ဖမ်းဆီး ရမိခဲ့ကြောင်း မြိတ်ခရိုင် မှုခင်းအထူး နှိမ်နင်းရေးတပ်ဖွဲ့ ရုံးထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ က ကန်ဖျားနယ်မြေ ခရူတော ရပ်ကွက်၊ ခရူတောလမ်းဆုံတွင် ယာဉ်များရပ်တန့် စစ်ဆေးစဉ် အသက် ၃၅ နှစ်အရွယ် အမျိုး သားတစ်ဦး မော်တော်ဆိုင်ကယ်ကို ထားကာ ထွက်ပြေးသွားရာ စိတ်ကြွ ဆေးပြား ၆၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး၊တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စု သဘော့လိပ် ကျေးရွာ တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးအား ဖမ်းဝရမ်းဖြင့် ဝင်ရောက် ရှာဖွေ ဖမ်းဆီးရာ စိတ်ကြွ ဆေးပြား ၄၂၅ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၁၅ ရက်နှင့် ၂၇ ရက်နေ့တို့တွင် ကြေးနန်းတိုင် ပသောင်း တံတားနှင့် ကန်ခေါင်း ရပ်ကွက်တို့တွင် မော်တော်ဆိုင် ကယ်နှင့် နေအိမ်တို့တွင် ရှာဖွေဖမ်းဆီးရာ စိတ်ကြွဆေးပြား ၄၃၄၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ယင်းသို့ မြိတ်ခရိုင်အတွင်း ဒေသ အလိုက် ဖမ်းဆီးရမိသည့် စိတ်ကြွ ဆေးပြား စုစုပေါင်း ၁၀၇၆၅ ပြားကို ဖမ်းဆီး ရမိထားကြောင်း သိရသည်။