တိုင်းအတွင်း သက်ငယ် မုဒိမ်းမှု နှစ်စဉ် ၃ မှုထက် မနည်းဖြစ်ပွား

0
586

တနင်္သာရီတိုင်းဒေသကြီး အတွင်း သက်ငယ်မုဒိမ်းမှု နှစ်စဉ် ၃ မှုထက် မနည်း ဖြစ်ပွားလျက်ရှိကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ဖြစ်ပွားမှု စာရင်း များအရ သိရသည်။


တိုင်းဒေသကြီးအတွင်း သက်ငယ် မုဒိမ်းမှု ၂၀၁၁ ခုနစ်တွင် ၃ မှု၊ ၂၀၁၂ ခုနစ်တွင် ၃ မှု၊ ၂၀၁၃ ခုနစ်တွင် ၉ မှု နှင့် ၂၀၁၄ ခုနစ်တွင် ၃ မှုဖြစ်ပွားခဲ့ပြီး ပုလောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု နှစ်စဉ်အနည်းဆုံး ၁မှု ဖြစ်ပွားလျက်ရှိ ကြောင်း အထက်ပါ စာရင်းများအရ သိရ သည်။
ကျူးလွန်ခံရသူ အများစုမှာ အသက် ၁၄နှစ်၊ ၁၅ နှစ်အရွယ်များ ဖြစ်ပြီး အသက် ၁၀နှစ်မှ ၁၃ နှစ်ကြား ကလေးငယ်များ၊ ၁၀ နှစ်အောက် ကလေးငယ်များလည်း ပြုကျင့်ခံနေ ရကြောင်း အထက်ပါ စာရင်းများအရ သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနစ်အထိ လေးနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်း မှု စုစုပေါင်း ၄၇ မှုတွင် သက်ငယ် မုဒိန်းမှု ၁၈ မှုဖြစ်ပွားခဲ့ ဖြစ်သည်။
သက်ငယ် မုဒိမ်းကျူးလွန်သူများ တွင် ဖခင်အရင်းများလည်း ပါဝင်နေပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း မုဒိန်းဖြစ်ပွားမှု စာရင်းများအရ သိရ သည်။