ခမောင်းသွယ်ဒေသ သဘာဝသစ်တောတွင် ဒေသမျိုးရင်း အပင်များ စိုက်ထည့်မည်

0
496

ထားဝယ်ခရိုင် မေတ္တာမြို့နယ်၊ ခမောင်းသွယ်ဒေသရှိ သဘာဝသစ်တော အတွင်းသို့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် နေ့ (ဇွန်လ၅ရက်နေ့)တွင် ဒေသမျိုးရင်း အပင်များ စိုက်ထည့်မည်ဖြစ်ကြောင်း လူထုအခြေပြု ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ (CSLD) မှ အတွင်း ရေးမှူး ဦးစောကဲဒိုက ပြောသည်။
သဘာဝ သစ်တောအတွင်းသို ဒေ သမျိုးရင်းအပင် စိုက်ထည့်ခြင်းကို ခ မောင်းသွယ် ဌာနေတိုင်းရင်းသား ဘ၀ နှင့် သဘာဝရောင် ခြည်ကော်မတီ (RKIPN) မှ ဦးဆောင် ဒေသခံပြည်သူ များ ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင် မည်ဖြစ်ပြီး အပင်ရေ ၁၀၀၀ ကျော်ခန့် စိုက်ထည့်နိုင်မည်ဟု ခန့်မှန်းထား ကြောင်း ၎င်းက ပြောဆိုသည်။
” လက်ရှိအချိန်မှာ ဒေသခံများ ပူးပေါင်း ပါဝင်နိုင်ဖို့အတွက် ဖိတ်ခေါ် တာ၊ ဆော်ဩတာတွေ လုပ်ဆောင်နေပါ တယ် ” ဟု စောကဲဒိုက ဆိုသည်။
အဆိုပါ ခမောင်းသွယ်ဒေသ အတွင်း ယခင်က သစ်ထုတ်လုပ်ငန်း များကြောင့် သစ်ပင်များ ပြုန်းသွားခဲ့ ရခြင်း၊ သဘာဝဘေး အန္တရာယ်များ ကြောင့် တောတောင်နှင့် ချောင်းကမ်းပါး ပြိုခြင်း၊ မြစ်ချောင်းများရေ နည်းလာ ခြင်း၊ သားငါးတိရစ္ဆာန်များ ရှားပါးလာ ခြင်းတို့ကြောင့် ဒေသမျိုးရင်း သစ်ပင် များကို စိုက်ထည့်ရန် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု သိရသည်။
ခမောင်းသွယ်ဒေသတွင် ရေဝေရေ လဲတော၊ တိရစ္ဆာန်ဘေးမဲ့တော၊ အသုံး ချသစ်တော၊ စိုက်ပျိုးရေး သစ် တော၊ ပရဆေးသစ်တော၊ ချက်မြှုပ်သစ်တော (မွေးဖွားသည့်အခါချက်မြှုပ်သည့် တော)၊ရိုးရာဓလေ့ သစ်တော၊ ငါးဘေး မဲ့အိုင်နှင့် သင်္ချိုင်းမြေနေရာအပါအဝင် ထိန်းသိမ်းရေး ဧရိယာ ၉ နေရာ သတ်မှတ်နိုင်ရန် (RKIPN) ကော်မတီ က လုပ်ဆောင်လျှက်ရှိသည်ဟု ယင်း ကော်မတီထံမှ သိရသည်။
ကော်မတီ၏ သုတေသနပြုချက် အရ ယင်းဒေသတွင် တိရစ္ဆာန်အမျိုး အစား ၅၃မျိုး၊ ဟင်းသီးဟင်းရွက် အမျိုးအစား ၁၁၇မျိုး၊ ပရဆေးပင် အမျိုး အစား ၁၁၁မျိုးနှင့် သစ်ပင်အမျိုး အစား ၁၆၂မျိုးရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ထန်းတပင် ရေနေသတ္တဝါဘေးမဲ့အိုင်၊ ဆိပ်ဖြုံးငါး ဘေးမဲ့အိုင်နှင့် အထက်ဆိတ်ဖြုံးရှိ ရေ ဝေရေလဲ့ ထိန်းသိမ်းရေးတော တို့ကို သတ်မှတ်ကာ ထိန်းသိမ်းလျက်ရှိသည်ဟု ခမောင်းသွယ်ဒေသခံများက ပြော ဆိုသည်။
ယင်း ကမ္ဘာ့ပတ်ဝန်းကျင်နေ့တွင် ခမောင်းသွယ်ဒေသရှိ သစ်တောများသို့ ဒေသမျိုးရင်း သစ်ပင်စိုက်ထည့် မည့် အပြင် ခမောင်းသွယ်ဒေသ၊ ဆိတ်ဖြုန်း ကျေးရွာတွင် လက်မှုပညာပစ္စည်း ပြိုင် ပွဲနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဆက် နွယ်သော ပန်းချီပြိုင်ပွဲများကိုပါ ပြု လုပ်မည် ဟု CSLD ထံမှ သိရသည်