3D ရုပ်ရှင်ရုံ ဇွန်လအတွင်း ဖွင့်မည်

0
680

ထားဝယ်မြို့၏ ပထမဆုံး 3D ရုပ်ရှင်ရုံကို လာမည့် ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အောင်မင်္ဂလာ ရုပ်ရှင်ရုံထံမှ သိရသည်။
မြန်မာ ရုပ်ရှင်ဇာတ်ကားရော အင်္ဂလိပ် ဇာတ်ကားပါ ပြသမည်ဖြစ်ပြီး မြန်မာ ရုပ်ရှင်ဇာတ်ကားများကို ရန်ကုန်ရုပ်ရှင်ရုံများနှင့် တပြိုင်တည်း ပြသမည်ဖြစ် ကြောင်း ယင်းရုပ်ရှင်ရုံမှ သိရသည်။

လူဦးရေ ၂၅၀ ဝန်းကျင် ဝင်ဆံ့ ကာ လက်ရှိတွင် နံနက်နှင့် ည နှစ်ကြိမ် ပြသမည်ဖြစ်ပြီး လူဝင်သည့် အပေါ် မူတည်၍ အချိန်တိုးသွားမည်ဟု ပြောသည်။
လက်ရှိတွင် ရုပ်ရှင်ရုံကို အပြီး သတ်နေပြီး ဝန်ထမ်းများ ခေါ်ယူ ထားကာ ရုပ်ရှင်ရုံ ဖွင့်မည့်ရက်ကို အတိအကျ မသတ်မှတ်ရသေးဟု သိရ သည်။
” ထားဝယ်မှာ ရုပ်ရှင်ရုံ မရှိတာ ကြာလှပြီ။ အခုလို ပြန်ဖွင့်မယ်ဆိုတော့ အားတဲ့အချိန် သူငယ်ချင်းတွေနဲ့ သွား ကြည့်ရတာပေါ့ ” ဟု မြောင်းပု လဲရပ် ကွက်နေ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
မြိတ်တွင် 3D ရုပ်ရှင်ရုံတစ်ရုံရှိပြီး ပြီးခဲ့သည့် တစ်နှစ်ကျော်က စတင်ပြသ ခဲ့သည်။