အိုးလုပ်ကျောင်းသားများ မြို့ တွင်းကျောင်းသို့ ပြောင်းတက်ရမည်

0
615

မီးလောင်မှုကြောင့် ပျက်စီးခဲ့ရ သည့် အ.မ.က အိုးလုပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အ.မ.က မြို့တွင်း ကျောင်းသို့ ပြောင်းရွှေ့တက် ရောက်ရမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးထံမှ သိရ သည်။

အိုးလုပ်ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် ကျောင်းအပ် လက်ခံမည် ဖြစ်ပြီး ကျောင်းဖွင့်ချိန်တွင်မူ အိုးလုပ် ရပ်ကွက်နှင့် အနီးဆုံးဖြစ်သည့် အ.မ. က မြို့တွင်း ကျောင်းတွင် ပြောင်းရွှေ့ သင်ကြားရမည်ဖြစ်ကြောင်း အထက်ပါ ရုံးထံမှ သိရသည်။
” ခုံတော့လောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီနှစ် ဖြန့်ဝေမယ့် စာရေးခုံ တွေကို အဲဒီကျောင်းကို ဦးစားပေးပြီး ချပေးမယ် ” ဟု အထက်ပါရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ယခင်နှစ်က အ.မ.က အိုးလုပ် ကျောင်းတွင် ကျောင်းသား ၁၉၆ ဦးရှိခဲ့ ပြီး အ.မ.က မြို့တွင်းတွင်မူ ကျောင်း သား ၄၁ ဦးရှိကြောင်း သိရသည်။
” မြို့တွင်းဆိုလည်း မြို့တွင်းမှာ တက်ရမှာပေါ့၊ ဒါပေမယ့် ကျောင်း ကိုတော့ အမြန်ဆုံး ပြန်ဆောက် ပေးစေချင်တယ်” ဟု အ.မ.က အိုး လုပ်မှ ပထမတန်းတက်မည့် ကျောင်း သားတစ်ဦး၏ ဖခင်က ပြောသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်း ခွင့်ပြုသည့် ကျောင်း ဆောင် များ အားလုံးကို ယခုနှစ် ဒီဇင်ဘာလ အတွင်း အပြီး ဆောက်လုပ် ရမည် ဖြစ်ပြီး အိုးလုပ် အ.မ.က ကျောင်း ကိုမူ အမြန်ဆုံး ပြီးစီးရန် တည်ဆောက် သွားမည်ဖြစ်ကြောင်း အထက်ပါ တာ ဝန်ရှိသူက ပြောသည်။
အိုးလုပ် စာသင်ကျောင်းကို ပေ ၆၀_ပေ ၄၀ အကျယ်အဝန်းရှိ RC သုံးထပ် ကျောင်းဆောင်ကို ဆောက်လုပ် မည်ဖြစ်ပြီး ကနောင်အာရှ ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်မည် ဖြစ် ကြောင်း တိုင်းပညာရေး ညွှန်ကြား ရေးမှူးရုံးထံမှ သိရသည်။